DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့ပေါ် အထက်တန်းကျောင်းရှေ့ မိုင်းပေါက်ကွဲ
DVB
·
June 23, 2022
ဂန့်ဂေါမြို့ပေါ် အထက်တန်းကျောင်းရှေ့ မိုင်းပေါက်ကွဲ
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ အမှတ် ၂ ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (အထက-ခွဲ) ရှေ့မှာ ‌ဇွန် ၂၁ ရက်က မိုင်းပေါက်ကွဲခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့ပေါ်က ဒေသခံတဦးက “နေ့လယ်ခင်းပိုင်းမှာ မိုင်းခွဲခံရတာ။ မိုင်းသံ ၃ ချက်လောက် ကြားလိုက်တယ်။ အဲ့နောက်မှာ စစ်သားတွေက ကျောင်းဝင်းအနားမှာ နေရာအနှံ့ လိုက်ရှာနေကြတာ။ ကျောင်းဝင်းရှေ့မှာဆိုတော့ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေတော့ ထိခိုက်မှုမရှိလောက်ဘူး” လို့ ပြောပါတယ်။

ဇွန်၂၁ ရက် မနက် ၁၁ နာရီလောက်က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ် ၂ ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းဝန်း ခြံစည်းရိုးအနီးမှာ PDF တွေက လက်လုပ်မိုင်း ၃ လုံးနဲ့ ဖောက်ခွဲသွားခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

လက်လုပ်မိုင်းဖောက်ခွဲတာဟာ ကျောင်းဝင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ခြောက်လှန့်ပစ်ခတ်တာသာဖြစ်ပြီး စာပေပညာသင်ကြားနေတဲ့ ဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့ ဂန့်ဂေါတော်လှန်အင်အားစု အဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့အဖွဲ့ဝင်တွေ ဖောက်ခွဲတာကတော့ ဟုတ်ပါတယ်။ ကျောင်းဝင်းထဲက စစ်သားတွေကို ခြောက်လှန့်ဖောက်ခွဲရုံပါ။ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာမဟုတ်ပါဘူး။”

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ဂန့်‌ဂေါနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၁၁ လဝန်းကျင် ရှိနေပြီဖြစ်ပြီး ဂန့်ဂေါနယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။

လတ်‌တလော ဂန့်ဂေါနယ်အတွင်းမှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ရိုက်ထိတွေ့တာတွေ မပြုကြဖို့နဲ့ ဘေးလွတ်ရာဒေသတွေမှာ ဂရုစိုက်နေထိုင်ကြဖို့ကိုလည်း ယောပြည်သူ့ကာကွယ်ရေးတာဝန်ခံတွေက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013