DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်တွင် ဒုရဲမှူးအပါအဝင် ၁၄ ဦးပါ ကားတစီးကို PDF တိုက်ခိုက်
DVB
·
June 22, 2022
ခင်ဦးမြို့နယ်တွင် ဒုရဲမှူးအပါအဝင် ၁၄ ဦးပါ ကားတစီးကို PDF တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ ဒုရဲမှူးတယောက် အပါအဝင် ရဲတွေနဲ့ ပျူစောထီး ၁၄ ယောက်ပါ ဖောကားတစီးကို ဒေသခံပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ကားပေါ်ပါသူအားလုံး သေဆုံးသွားခဲ့တယ်လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့ အဖွဲ့က ထုတ်ပြန်ပါတယ်။

ခင်ဦးမြို့က ထွက်လာတဲ့ အဆိုပါ ကားကို ကံသစ်ရွာ အနောက်ဘက် မူးချောင်း တံတားအနီးမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ နရပတိ (NLGRF) အဖွဲ့၊ ရောင်နီပြောက်ကျားအဖွဲ့၊ မြို့နယ် ပ.က.ဖ အဖွဲ့တွေနဲ့ တခြားဒေသတွင်းအဖွဲ့အစည်းတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ နရပတိ (NLGRF) အဖွဲ့က ထုတ်ပြန်ပါတယ်။

သေဆုံးသူ ဒုရဲမှူးရဲ့ နာမည်ကိုတော့ စိုးထွဋ်ခိုင်လို့ သိရပြီး ဒီတိုက်ပွဲအတွင်းမှာ PDF တွေဘက်ကတော့ တော်လှန်ရေးရဲဘော် နှစ်ယောက် ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

လတ်တလော အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ စစ်ကိုင်းတိုင်းမှာ ၈ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013