DVB Logo
Home
မြန်မာသတင်း
ပွင့်ဖြူတွင် PDF တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၁၂ ဦးကျဆုံး၊ ၃ ဦး အဖမ်းခံရ
DVB
·
June 22, 2022
ပွင့်ဖြူတွင် PDF တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၁၂ ဦးကျဆုံး၊ ၃ ဦး အဖမ်းခံရ
Donate to DVB

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ဇွန် ၂၂ ရက် မနက်ပိုင်းက သရက်မြို့နယ်နဲ့ ကံမမြို့နယ်က PDF တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၁၂ ယောက်ကျဆုံးကာ ၃ ယောက် အဖမ်းခံခဲ့ရတယ်လို့ ကံမ ပ.က.ဖတာဝန်ခံ ဗိုလ် K1 က ဒီဗွီဘီကို ပြောပါတယ်။

ပွင့်ဖြူမြို့နယ် မဲဇလီကြိုးတံတားနဲ့ ဆည်တော်ရွာနားမှာ ဒီနေ့မနက် အစောပိုင်းက စစ်ကောင်စီတပ်နဲ့ သရက်နဲ့ ကံမမြို့နယ်က PDF ရဲဘော်တွေ တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁၂ ယောက် တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရကာ ရဲဘော် ၃ ယောက် ဒဏ်ရာတွေရပြီး အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

“သရက်မြို့နယ်နဲ့ ကံမမြို့နယ်က PDF ရဲဘော် ၃၁ ယောက် ခရီးတခုက ပြန်လာတာပါ။ ကျနော်တို့ သိသလောက်ကတော့ အရင်က အဲဒီဘက်မှာ ဂိတ်မရှိဘူးလို့ ကြားတယ်။ ကိုယ့်ဘက်က ရဲဘော်တွေလည်း နည်းနည်း အရဲကိုးသွားတဲ့ သဘောပေါ့။ ညပိုင်းထွက်လာတာ မနက်မိုးမလင်းခင်မှာ စစ်(...)တွေက တားတော့ စစ်ဆေးခံလို့ မဖြစ်ဘူးဆိုပြီး ကိုယ့်ဘက်က အရင်စပစ်တာ။ အဓိကတော့ သူတို့ဘက်က သတင်းကြိုတင်ရထားပုံပဲ။ ရိုးရိုးတန်းတန်း စစ်ဆေးရုံမဟုတ်ဘဲ လက်နက်ကြီးတွေနဲ့ စောင့်နေတာ။ သူတို့ဘက်က RPG နဲ့ ၂ ချက်ပစ်လိုက်တော့ ကားမီးလောင်ပျက်စီးပြီး ရဲဘော် ၁၂ ယောက် ကျဆုံးကာ ၃ ယောက် ဒဏ်ရာရပြီး အဖမ်းခံလိုက်ရတယ်။”

လောလောဆယ် ရဲဘော် ၁၁ ယောက်ပါတဲ့အုပ်စုနဲ့ ၃ ယောက်တအုပ်စုကိုတော့ ချိတ်ဆက်လို့ရပြီး ကျန်ရဲဘော်တွေကိုတော့ ချိတ်ဆက်လို့မရသေးဘူးလို့ ပြောပါတယ်။ အခုတိုက်ခိုက်ခံရတဲ့အဖွဲ့မှာ ကားသမားအပါအဝင် ရဲဘော် ၃၂ ယောက် လိုက်ပါလာတာလို့ ဆိုပါတယ်။

ဆက်လက်ပြီး ဗိုလ် K1 က “အဲဒီတိုက်ပွဲမှာ ကျနော်တို့ဘက်က လက်နက်ခဲယမ်းတွေ အများအပြား ဆုံးရှုံးခဲ့ရတယ်။ တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရတဲ့ ရဲဘော်တွေနဲ့ ဖမ်းဆီးခံရသူတွေအတွက် စစ်အာဏာရှင် အမြစ်ပြတ်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ကို ရောက်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်” လို့ ပြောပါတယ်။

အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ရဲကြေးနန်းစာတစောင်လည်း သတင်းမီဒီယာတွေနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013