DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် ဆန်သယ်ယူခွင့် ပိတ်ထားသဖြင့် ဆန်ဈေးအဆမတန်မြင့်တက်နေ
DVB
·
June 21, 2022
ပလက်ဝတွင် ဆန်သယ်ယူခွင့် ပိတ်ထားသဖြင့် ဆန်ဈေးအဆမတန်မြင့်တက်နေ
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဆန်သယ်ယူခွင့် မရရှိတာကြောင့်  ဆန်စျေးနှုန်း အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပလက်ဝမြို့နယ်မှာ မေ ၂၆ ရက်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ပလက်ဝရေလမ်းကြောင်းကို ဆန်သယ်ယူခွင့်ပိတ်ပင်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

ပလက်ဝမြို့ ဆန်ကုန်သည်တဦးက “ပလက်ဝကို ဆန်ဘယ်လိုမှ သယ်ယူခွင့်မရှိဘူးဖြစ်နေတယ်။ တချို့ဆိုင်တွေဆိုရင် ရောင်းဖို့အတွက် ဆန်တွေမရှိတော့ဘူး။ စက်လှေတွေနဲ့ရော ဇက်ရေယာဥ်နဲ့ပါ ဆန်သယ်ခွင့်ပိတ်ထားတာ။ အရင်က ပေါ်ဆန်းမွေး တအိတ်ကို ငါးသောင်းခွဲကျပ်ရောင်းတာကနေ အခု ခုနှစ်သောင်းကျော် ရှစ်သောင်းအထိ ရောင်းချနေကြရတယ်။ ဆန်ညံ့တွေကိုလည်း အရင်က ၃ သောင်းခွဲကျပ်ကနေ အခု ငါးသောင်းခွဲမှာထားပြီး ရောင်းနေကြရတယ်။ ဒီနေ့တော့ ဆန်သယ်ယူခွင့်ရဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ လက်မှတ်ထိုးရမယ်လို့တော့ ကြားတယ်" လို့ ပြောပါတယ်။

ပလက်ဝမြို့ကို ကျောက်တော်မြို့ကနေ တပတ် တရက်နှုန်းနဲ့ စစ်ကောင်စီဇက်ရေယာဥ်နဲ့ ပြေးဆွဲနေပေမယ့် အခုအပတ်မှာ တောင်ကျရေကျပြီး မြစ်ရေကြီးနေတာကြောင့် ပြေးဆွဲဖို့ မသေချာတာကြောင့် ကုန်စျေးနှုန်းတွေ အခုထက်မြင့်တက်လာနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပလက်ဝမြို့မှာ တိုက်ပွဲဖြစ်ပြီးနောက်  အရင်ထက် ကုန်စျေးနှုန်းတွေ တဆခွဲလောက်မြင့်တက်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲ မဖြစ်ခင်က ဆိုရင်ဆန်တအိတ်ကို ငါးသောင်းလောက်ပဲရှိတယ်။ အခုက ခုနှစ်သောင်းကျော် ရှစ်သောင်းလောက်အထိ ပေးပြီးဝယ်နေကြရတယ်။ စက်သုံးဆီတွေကလည်း အရင်က တသောင်းခွဲကနေ အခု နှစ်သောင်းကျော်ပေးပြီး ဝယ်နေကြရတယ်။ မနက်ဖြန် ဇက်ရေယာဥ်မထွက်ဘူး ကြားတယ်။ မထွက်ခဲ့ရင်တော့ ကုန်စျေးနှုန်းတွေ ပိုပြီးမြင့်တက်သွားနိုင်တယ်။”

ပလက်ဝမြို့ကို ကျောက်တော်ကနေ စစ်ကောင်စီဇက်ရေယာဥ်နဲ့ တပတ်ကို တရက်ကျ ပြေးဆွဲပေးနေပြီး ပလက်ဝရဲ့ ကုန်စည်ပို့ဆောင်ရေးအတွက် ကျောက်တော်မြို့ကို အဓိက အားထားနေရတာပါ။

တိုက်ပွဲဖြစ်ပွားလို့ ရခိုင်ပြည်နယ် မြို့နယ် ၉ နဲ့အတူ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီက အင်တာနက်ပိတ်ခဲ့သလို အာဏာသိမ်းပြီးနောက် နှစ်လကျော်လောက် ပြန်ဖွင့်ပေးခဲ့ကာ စစ်ကောင်စီနဲ့ CDF တွေကြား တိုက်ပွဲတွေပြန်ဖြစ်လာတာကြောင့် အင်တာနက်ကို ဒီနေ့အထိ တနှစ်ကျော်ကြာပြန်ပိတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013