DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါနှင့်ရေစကြိုတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား
DVB
·
June 20, 2022
ဂန့်ဂေါနှင့်ရေစကြိုတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား
Donate to DVB

မကွေးတိုင်း ဂန့်ဂေါနဲ့ ရေစကြိုမြို့နယ်တို့မှာ ဇွန် ၁၉ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဂန့်ဂေါမြို့နယ် မြစ်သာဆည်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၁၉ ရက်နေ့မနက်ပိုင်းက စပယ်ရွာနဲ့ ယင်းမရွာကြားက စက်ရုံဝင်းထဲမှာ အရက်၊ ဘီယာ သောက်စားပြီး စခန်းချနေတာကို PDF-ဂန့်ဂေါ (တောင်ပိုင်း) နဲ့ ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာလို့ PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်(...)တွေဘက်က သေဆုံး၊ ဒဏ်ရာရသူအရေအတွက်ကို အတိကျမသိရသေးသလို ကျနော်တို့ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။” 

လက်ရှိအခြေနေမှာ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ မြစ်သာဆည်ပေါ်ကို ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေးတားမြစ်ထားပါတယ်။

ဂန့်ဂေါမြို့နယ် သင်တောရွာအထွက်မှာလည်း ဇွန် ၁၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းကို PDF-ဂန့်ဂေါ (၇၀၁) တပ်ရင်း (YRPA)က မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ ဒဏ်ရာရသူတချို့ရှိတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်မှာလည်း ဇွန် ၁၉ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂ ယောက်နဲ့ PDF ရဲဘော် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို-PDF တပ်ရင်း (၂) က ပြောပါတယ်။

ရေစကြိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဇွန် ၁၉ ရက်နေ့ မနက် ၆ နာရီလောက်က ဘိစပ်ကုန်းရွာနားမှာ ရေစကြို PDF တပ်ရင်း ၂ နဲ့ KNT ပြောက်ကျားတပ်တို့ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြို-PDF တပ်ရင်း-၂ တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက ပြောပါတယ်။

“နှစ်ဘက် အပြန်အလှန်ထိတွေ့တိုက်ပွဲ ၅ မိနစ်လောက် ဖြစ်ပွားခဲ့ပြီး စစ်(...) ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်။ ရေစကြို-PDF က ရဲဘော် ၂ ယောက် လက်နက်ကြီး ထိမှန်ခဲ့ပေမယ့် ဒဏ်ရာ မပြင်းထန်ဘူး။ အဲဒီတိုက်ပွဲဟာ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာ။ ရှေ့ဆက်ပြီးတော့လည်း တော်လှန်ရေးကို အရှိန်ဟုန်မြှင့်သွားမယ်။”

ရေစကြိုမြိုနယ်မှာ ဇွန် ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေက စစ်ကောင်စီတပ် ယာဥ်တန်းကို ရေစကြို-PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးကာ ၁၉ ဦးထက်မနည်း ပြင်းထန်ဒဏ်ရခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိတဲ့အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013