DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများအား မေ့မထားရန် နိုင်ငံတကာကို ပုပ်ရဟန်းမင်းကြီး ပန်ကြား
DVB
·
June 20, 2022
မြန်မာပြည်သူများအား မေ့မထားရန် နိုင်ငံတကာကို ပုပ်ရဟန်းမင်းကြီး ပန်ကြား
Donate to DVB

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အဆက်မပြတ် အကြမ်းဖက်မှု ခံစားနေရပြီး အိုးအိုမ်တွေ ပျက်စီးဆုံးရှုံးထွက်ပြေးနေကြရတဲ့ မြန်မာနိုင်ငံသားတွေကို ဂရုမစိုက်ဘဲမနေကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇွန်လ ၁၉ ရက်မှာ ပန်ကြားလိုက်ပါတယ်။

မြန်မာပြည်သားတွေကို မေ့မထားကြဖို့ နိုင်ငံတကာကို တောင်းဆိုထားတဲ့ မြန်မာနိုင်ငံက ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ တောင်းဆိုမှုမှာ သူလည်းပါဝင်တောင်းဆိုတဲ့အကြောင်း ပုပ်ရဟန်မင်းကြီးက နေ့စဉ်ပြုနေကျ ဝတ်ပြုဆိုတောင်းမှုအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတို့ရဲ့ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေး၊ ဝတ်ပြုဆုတောင်းရာ ဘာသာရေးနယ်မြေတွေ၊ ဆေးရုံတွေနဲ့ ကျောင်းတွေကိုလည်း မေ့မထားဘဲ ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ထဲမှာကျင်းပခဲ့တဲ့ မြန်မာကက်သလစ်ဘုန်းတော်ကြီးတွေရဲ့ အထွေထွေညီလာခံကို မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ဒဏ်ကိုခံစားနေရတဲ့ နိုင်ငံသားတွေအပေါ် အလေးအနက်ပူပန်ကြောင်း ပြသတဲ့အနေနဲ့  ပိတ်သိမ်းခဲ့ပါတယ်။

လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို ဘာကြောင့်ပဲဖြစ်ဖြစ် ထိပါးချိုးဖောက်ဖို့ မသင့်ကြောင်း၊ ဝတ်ပြုဆုတောင်းရာမှာ မြင့်မြတ်တဲ့ ဘာသာရေးနယ်မြေတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ လူတွေရဲ့ အသက်နဲ့ဘဝတွေကို တန်ဖိုးထားလေးစားကြဖို့ ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းတိုင်းကို တောင်းဆိုကြောင်း ပြောခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်သတ်ဖြတ်ခံရသူ ၁၉၀၀ ကျော်ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၁၁၀၀၀ ကျော်ရှိခဲ့ကြောင်း အစိုးရမဟုတ်သော အဖွဲ့အစည်းတွေရဲ့ လေ့လာဆန်းစစ်မှုတွေအရ သိရပါတယ်။ နိုင်ငံတွင်းမှာ   အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း  ၈ သိန်း ကျော်ရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာ မှာဖော်ပြပါတယ်။

မြန်မာစစ်တပ်ဟာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီး ဆက်လက်တိုက်ခိုက်နေကြောင်း ကြားသိနေရတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

သူ့ရဲ့ပန်ကြားချက်ကို မိန့်ခွန်းပြောကြားရာ ဗာတီကန်မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့အစည်းတွေကို ဆုတောင်းမေတ္တာပို့သရင်း အဆုံးသတ်ခဲ့ကြောင်း ဗာတီကန်သတင်းမှာ ရေးသားဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013