DVB Logo
Home
မြန်မာသတင်း
နယူးယောက်တွင်ကျင်းပသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်မြောက် မွေးနေ့ဆုတောင်းပွဲ (ဓာတ်ပုံ)
DVB
·
June 20, 2022
နယူးယောက်တွင်ကျင်းပသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်မြောက် မွေးနေ့ဆုတောင်းပွဲ (ဓာတ်ပုံ)
1 / 15
Donate to DVB

မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တကွ မြန်မာပြည်သူတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို နိုင်ငံတကာက အလေးအနက်ကူညီဖို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေက စုပေါင်းတောင်းဆိုကြပါတယ်။

ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၇၇) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲကို နယူးယောက်မြို့ရှိ Flatiron Public Plaza မှာ ကျင်းပ တောင်းဆိုခဲ့ကြတာပါ။

မွေးနေ့ပွဲနဲ့အတူ ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့သခြင်းအစီအစဉ်ကိုလည်း ပြုလုပ်ပြီး ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကဗျာဆရာ မောင်စွမ်းရည်နဲ့   ပန်ဆယ်လိုတို့ကလည်း  ဆုတောင်းမိန့်ခွန်းတွေ ပြောကြားခဲ့ပါတယ်။ 

နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲဆိုနေတာ၊ တရားလက်လွတ် သေဒဏ်ချမှတ်တာတွေလုပ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို အဆုံးတိုင် ဆက်လက်ဆန့်ကျင်ပြီး တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာတဲ့အထိ ပြည်သူအားလုံး ပူးပေါင်း ပါဝင်လုပ်ဆောင်သွားကြဖို့ကိုလည်း  သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် အဆိုတော်လင်းနစ်နဲ့ ကျော်သီဟတို့ကလည်း အမေသီချင်းနဲ့ သီဆို ဆုတောင်းပေးခဲ့ကြပါတယ်။ 

NYCBC (New York City Burmese Community) နဲ့ H2B (Helping Hands for Burma) အဖွဲ့တို့က စီစဉ်တဲ့  မွေးနေ့အထိမ်းအမှတ်ပွဲကို နယူးယောက်မြို့နေ မြန်မာနွယ်ဖွား တိုင်းရင်းသား ၁၀၀၀ နီးပါး တက်ရောက်ပြီး  စေတနာရှင်တွေက အစားအသောက်တွေနဲ့ လာရောက်ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013