DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများအား စစ်ကောင်စီက သေဒဏ်ချမှတ်မည့်အစီအစဉ် ရပ်တန့်ရေး ဂျပန်တွင် ဆန္ဒပြ
DVB
·
June 18, 2022
နိုင်ငံရေးအကျဉ်းသားများအား စစ်ကောင်စီက သေဒဏ်ချမှတ်မည့်အစီအစဉ် ရပ်တန့်ရေး ဂျပန်တွင် ဆန္ဒပြ
1 / 6
Donate to DVB

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် အကျဉ်းသား ၄ ယောက်ကို စစ်ကောင်စီက သေဒဏ်ချမှတ်မယ့် အစီအစဉ်ကို ချက်ချင်းရပ်တန့်စေရေးတောင်းဆိုဆန္ဒပြပွဲကို ဇွန် ၁၇ ရက်က ဂျပန်လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မြန်မာ့အရေးလှုပ်ရှားနေသူတွေနဲ့ပူးပေါင်းပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပါတယ်။

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်ပေးမယ့်အပေါ် မနေ့က ဂျပန်နိုင်ငံခြားရေးရုံးကတာဝန်ရှိသူတွေခေါ်ပြီး ဂျပန်လွှတ်တော်အမတ်တွေရှေ့မှာ ကြားနာပွဲကျင်းပခဲ့သလို ဂျပန်နိုင်ငံခြားရေးရုံးရှေ့မှာ လာရောက်ဆန္ဒပြတာလို့  မြန်မာ့အရေး လှုပ်ရှာသူ ဦးမြင့်ဆွေက ပြောပါတယ်။

သေဒဏ်ကိစ္စ ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို ကန့်ကွက်ကြောင်း တရားဝင်ထုတ်ဖော်ချပြသင့်တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှတာဝန်ခံ မစ္စတာ ယူဝဆခိကို ထောက်ပြပြောဆိုတာခဲ့ပေမဲ့  ပွင့်လင်းစွာ အာမခံပြန်မဖြေနိုင်တာကို အတော်စိတ်ပျက်မိတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ စစ်လက်နက်ကုန်သွယ်ရေး ဆန့်ကျင်သောကွန်ယက်(NAJAT)မှ မစ္စတာဆူခီဂဝခိုဂျီက  ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ နှစ်ကြိမ်အဖမ်းခံခဲ့ရဖူးတဲ့ ဂျပန်သတင်းထောက်မစ္စတာယူခီ ကလည်း သူမြန်မာပြည်မှာရှိစဉ်ကတည်းက စစ်ကောင်စီရဲ့ ဥပဒေမဲ့ဆောင်ရွတ်မှုတွေကို သိနားလည်တာမို့ အခုလို အယူခံဝင်ခွင့်မရှိ တရားဥပဒေမဲ့စစ်ကောင်စီရဲ့ သေဒဏ်ချမှုကို တားဆီးစေဖို့ ဂျပန်အစိုးရကို ဆက်လက် တိုက်တွန်းဆောင်ရွက်သွားမယ်လို့ ဆန္ဒပြပွဲမှာ ပြောပါတယ်။

မနေ့ကကြားနာပွဲကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းက ဦးဆောင်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးအား ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်များ သမဂ္ဂ အတွင်းရေးမှူး၊ အထက်လွှတ်တော်အမတ်  မစ္စတာမီချိဟိရော အိရှိဘရှိ၊ ဂျပန်ရှိမြန်မာ့အရေးလှုပ်ရှားနေသူတက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်ချမှတ်မယ့် အစီအစဉ်ကို စစ်ကောင်စီအနေနဲ့ ရပ်တန်ဖို့ ကမ္ဘာ့နိုင်ငံအစိုးရတွေက တိုက်တွန်းနေသလို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့HRW၊ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  Amnesty International  အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့အစည်း   ၁၁၂ ဖွဲ့ ကလည်း  တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013