DVB Logo
Home
မြန်မာသတင်း
နေအိမ် ၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မော်လိုက်ဒေသခံများ အရေးပေါ်အကူအညီ လိုအပ်
DVB
·
June 17, 2022
နေအိမ် ၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မော်လိုက်ဒေသခံများ အရေးပေါ်အကူအညီ လိုအပ်
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း မော်လိုက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က အခုလအတွင်း ဝင်ရောက်မွှေ‌နှောက်ပြီး တန်ဖိုးရှိပစ္စည်းတွေ၊ ရွှေ၊ ငွေ လက်ဝတ်ရတနာတွေနဲ့ စားသောက်ကုန်တွေ လုယက်ခိုးယူပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၆၀၀ ကျော် မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာခံတဦးက “ရွာ‌တွေကို မွှေနှောက် လုယက်သောင်းကျန်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာ စကစတွေ အထိနာ အသေများပြီး ယူးဝကျေးရွာအုပ်စုက အိမ်ခြေ ၄၀၀ ကျော်နဲ့ တပ်ကုန်း‌ကျေးရွာက အိမ်ခြေ ၂၀၀ ကျော်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ရွာသူရွာသား ၄,၀၀၀ ကျော်မှာ အခြေခံစားသောက်ကုန်နဲ့ ကျန်းမာရေးအတွက် ဆေးဝါး၊ အရေးပေါ် အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ မော်လိုက်မြို့နယ် စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူ ဒေသခံတဦးက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အမည်မသိ အရပ်သားနှစ်ဦးကိုလည်း ဖမ်းဆီးနှိပ်စက်ပြီး ခေါင်းဖြတ်သတ်ထားခဲ့ကာ သေဆုံးသူတွေက ဘယ်သူ‌တွေဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်ထားပြီး ရွာတွေကို မီးရှို့ဖျက်ဆီး လုယက် ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013