DVB Logo
Home
မြန်မာသတင်း
ရွှေဘိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အရာရှိအပါအဝင် ၃၅ ဦးခန့်သေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံး
DVB
·
June 17, 2022
ရွှေဘိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အရာရှိအပါအဝင် ၃၅ ဦးခန့်သေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃ ပွင့်နဲ့ အရာရှိတယောက် အပါအဝင် ၃၅ ဦးခန့် သေဆုံးကာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးသွားတယ်လို့ ရွေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရေဦးဘက်မှ ရွှေဘိုမြို့နယ် ရွာစိုးနဲ့ ပေါက်ချိုင်ရွာကို ဇွန် ၁၁ ရက်က အင်အား ၁၀၀ လောက်နဲ့  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး အိမ်ခြေ ၁၀၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်ကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးလာတာကြောင့် ရွှေဘိုအနောက်ဘက်ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်ညီနောင်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေကို မဟာမိတ်ညီနောင်များဖြစ်တဲ့ C&T SHWEBO(Ldf)၊ Snake Eyes (Ldf)၊ ဒေါင်းမာန်(Ldf)၊ ဗိုလ်ကျားရိုင်း(Ldf)၊ ALPHA-7(Ldf)၊ မဟူရာဇီးကွက်(ဒီပဲယင်း)၊ ပြုံးရွှင်(ဒီပဲယင်း)၊ Flying Dragon Force(ဒီပဲယင်း)၊ ရွှေဂျိုးဖြူ(အရာတော်)၊ Shwebo Justice Force၊ ရွှေဘိုခရိုင် ရင်း-၅ တပ်ခွဲ(၃) နဲ့ MDF-Shwebo တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန် ၁၂ ရက်က ပေါက်ချိုင်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ထူးကြီးကျေးရွာ၊ တည်ပင်ကျေးရွာ၊ သန်းတောကျေးရွာဘက်ကို ဦးတည်ရာလမ်းမှာ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ညနေပိုင်းမှာ နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားပါတယ်။

၁၄ ရက်နေ့မှာ ရဟတ်ယာဉ်နဲ့ လေကြောင်းထောက်ပို့ အသုံးပြုကာ တည်ပင်ကျေးရွာမှ ရေကြည်ဝကျေးရွာနဲ့ မူးကမ်းကြီးကျေးရွာတို့ကို လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ်တွေကို ထပ်မံ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ရဲဘော် ၂ ဦးမှာ ရွှေဘိုမြို့မှ ဦးကျော်လွင်နဲ့ ဒီပဲယင်းမှ ဦးရဲမင်းနိုင်တို့ဖြစ်ပြီး ရေကြည်ဝကျေးရွာမှ အပြစ်မဲ့ပြည်သူတယောက် အရှင်လတ်လတ် မီးရှို့သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013