DVB Logo
Home
မြန်မာသတင်း
စစ်ပွဲတွေကြားက ပညာသင်ယူနေကြတဲ့ ကရင်နီဒေသက ကလေးငယ်များ (ဓာတ်ပုံ)
DVB
·
June 17, 2022
စစ်ပွဲတွေကြားက ပညာသင်ယူနေကြတဲ့ ကရင်နီဒေသက ကလေးငယ်များ (ဓာတ်ပုံ)
1 / 8
Donate to DVB

ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ကြားကာလပညာရေးကျောင်းတွေမှာ  ကျောင်းသားကျောင်းသူ ၁၀,၀၀၀ ကျော် လေ့လာသင်ယူနေကြတယ်လို့  မြို့နယ်ပညာရေးဘုတ်အဖွဲ့ထံက သိရပါတယ်။

စစ်မြေပြင်အတိဖြစ်နေတဲ့ ဒီးမော့ဆိုမြို့ပေါ်နဲ့ ကျေးရွာတချို့ကလွဲလို့ မြို့နယ်အနောက်ခြမ်းနဲ့ အရှေ့ခြမ်းရှိ ကျေးရွာအများစုမှာ စာသင်ကျောင်း ၁၀၀ ကျော်ဖွင့်လှစ်ထားပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ၁၀,၀၀၀ ရှိတယ်လို့ ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ကျောင်းသားတွေကို  စေတနာ့ဝန်ထမ်းနဲ့ CDM ဆရာ၊ ဆရာမ ၁၀၀၀ ကျော်က အခမဲ့ သင်ကြားပေးနေပြီး စစ်ရှောင်စခန်းတွေရှိ တာလပတ်မိုး၊ တာလပတ်ကာ ယာယီအဆောက်အအုံတွေမှာ ဖြစ်သလို သင်ယူနေကြရတာဖြစ်ပါတယ်။

ကရင်နီတော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေယာဉ်နဲ့ ရဟတ်ယာဉ် ဗုံးကြဲတဲ့ဒဏ်ကို အန်တုကာ စာသင်နေရကြောင်း ဘုတ်အဖွဲ့ဝင် CDM ပညာရေးဝန်ထမ်းက ပြောပါတယ်။

“လွတ်မြောက်တဲ့ နယ်မြေဆိုလို့ မရှိပါဘူး။ လေယာဉ်ပျံတွေ အမြဲတမ်းသွားလာနေတော့ လွတ်မြောက်နယ်မြေလို့ မသတ်မှတ်ထားပါဘူး။ စာတော့သင်နေကြတယ် အခက်အခဲတွေအများကြီးရှိတယ်။”

ကျောင်းသားတွေဟာ ကိုယ်ပိုင်ဖတ်စာအုပ်မရှိဘဲ စာရေးကိရိယာ မလုံလောက်လို့ အခက်အခဲတွေ့ရသလို ဆရာ၊ ဆရာမတွေလည်း သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေကြပါတယ်။

ဒီးမော့ဆိုပညာရေးဘုတ်အဖွဲ့အနေနဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) နဲ့ NUG ပညာရေးဝန်ကြီးဌာနတို့နဲ့လည်း ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။

Photo - Myo Satt Hla Thaw / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013