
စစ်အာဏာရှင်လက်အောက် အလုပ်သမားအခွင့်အရေးဆုံးရှုံးကာ မတရားဖိနှိပ်ခံနေရတဲ့ မြန်မာတနိုင်ငံလုံးရှိ အလုပ်သမားတွေ စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ရေး အတွက် ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဖားကန့်မှော်လှည့်သပိတ်နဲ့ ဖားကန့်သပိတ်အင် အားစုတွေ က မေ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့မှာ ဆန္ဒပြတောင်းဆို လိုက်ပါတယ်။
မြန်မာပြည်သူတွေ ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်နေတဲ့ မြစ်ဆုံဆည်စီမံကိန်းကိုလည်း တရုတ်အစိုးရနဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်တို့အနေနဲ့ ချက်ချင်းရပ်တန့်ဖို့လည်း ဖားကန့်ပြည်သူတွေက တောင်းဆိုပါတယ်။
“ဒီမိုကရေစီလွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ကြစို့ Fight For Democracy , Freedom and Justice”၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်”၊ “Proof of Life”၊ စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိ ပြည်သူအားလုံးတိုက်ပွဲဝင်ကြစို့”၊ “ပြည်သူများအား သတ်ဖြတ်မီးရှို့ ဗုံးကြဲမှု ချက်ချင်းရပ်” စတာတွေရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။










