DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ ၌ လူငယ် ၂‌ ဦးကို စစ်ကောင်စီက PDF ဟု စွပ်စွဲဖမ်းဆီး
DVB
·
June 16, 2022
ကလေးမြို့ ၌ လူငယ် ၂‌ ဦးကို စစ်ကောင်စီက PDF ဟု စွပ်စွဲဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နေထိုင်တဲ့ ကိုညီညီမင်းနဲ့ ကိုနေမျိုးသူတို့အား စစ်ကောင်စီတပ်သားတွေက ဇွန် ၁၅ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ကိုညီညီမင်းက ကလေးမြို့ မြို့လှရပ်ကွက်မှာ ရှောင်တခင်စစ်ဆေးစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကိုနေမျိုးသူကတော့ ချင်းဆိုင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတာလို့ စစ်ကောင်စီဝါဒ ဖြန့်သတင်းမီဒီယာတွေမှာ ရေးသား‌ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူ နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ကလေးမြို့ဒေသ ကွပ်ကဲစစ်ဌာနချုပ် (ဒကစ) ကို ဖမ်းဆီး‌ခေါ်ဆောင်သွားတယ်လို့ သိရပြီး ကိုနေမျိုးသူကိုတော့ ချင်းဆိုင်ရွာအနီးမှာ ဖမ်းဆီးခံရတာမဟုတ်ဘဲ ထိုမာကျေးရွာအတွင်းမှာသာ ဖမ်းဆီးခံရတာလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့သူတဦးက ပြောပါတယ်။

ဇွန် ၉ ရက်နေ့ကလည်း ကလေးမြို့ ထွန်းဆေးခန်းပိုင်ရှင် ကိုဖိုးတုတ်ကို စစ်ကောင်စီတပ်သားတွေက PDF အတွက် လက်နက်ဝယ်ယူပေးတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားခဲ့ပါသေးတယ်။

ဇွန် ၃ ရက်နေ့ကလည်း ကလေးမြို့ တာဟန်းရပ်ကွက်က ဒေသခံတဦးဖြစ်တဲ့ ကိုလာနွန်မောကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးပါတယ်။

မေ ၂၁ ရက်နေ့ကလည်း ကလေးမြို့‌ တောင်ဖီလာရပ်ကွက်နေ ကိုမြင့်သူဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF ကို ထောက်ပံ့တယ် စွပ်စွဲကာ ဖမ်းဆီးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကလေးမြို့ပေါ်မှာ ရှောင်တခင်ဝင်ရောက်စစ်ဆေးတာတွေ မကြာခဏပြုလုပ်နေပြီး စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်တာတွေ ခံနေရတာကြောင့် မြို့နေပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြပါတယ်။

စစ်ကောင်စီတပ်တွေက လတ်တလောမှာ ကလေးနယ်တောင်ပိုင်းမှာ သာလွန်အင်အားသုံးကာ ကုန်းကြောင်းကသာမက လေကြောင်းကပါ ထိုးစစ်ဆင်နေပြီး ကျေးရွာ ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀၀‌ ဝန်းကျင်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀‌ ကျော်ရှိပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့စစ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013