Home
မြန်မာသတင်း
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မလေးရှားသို့သွားရောက်ပြီး မြန်မာ့အရေး ဆွေးနွေးမည်
DVB
·
June 16, 2022

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ဟာ လာမယ့် ဇွန် ၁၇ ရက်ကနေ  ၂၃ ရက်အထိ မလေးရှားနိုင်ငံကို သွားရောက်ပြီး မြန်မာ့အရေးဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီခရီးစဉ်အတွင်း ကွာလာလမ်ပူမှာ မလေးရှားအစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေ၊ ကုလသမဂ္ဂတာဝန်ရှိသူတွေ၊ မြန်မာနဲ့ အာဆီယံနိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

မစ္စတာ အင်ဒရူးစ်က “မြန်မာနိုင်ငံမှာ အခြေအနေတွေ ဆက်လက်ဆိုးရွားနေပြီး စစ်အာဏာရှင်တွေက အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးပမ်းနေတာကြောင့် လူ့အခွင့်အရေး အခြေအနေတွေကို မှတ်တမ်းတင် အစီရင်ခံဖို့ ကျနော့်ရဲ့ လုပ်ပိုင်ခွင့်နဲ့အတူ ဆက်လက် ကြိုးပမ်းနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်တွင်းက ထွက်ပြေးသွားခဲ့ရသူတွေ အပါအဝင် မြန်မာနိုင်ငံက လူတွေနဲ့လည်း ဆက်လက်ပြီးတော့ တွေ့ဆုံသွားမှာပါ”လို့ ပြောပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာ့အကျပ်အတည်းနဲ့ ဆက်နွှယ်ပြီး အာဆီယံဒေသတွင်း ပိုပြီးတော့ နက်ရှိုင်းတဲ့ ချိတ်ဆက်ဆောင်ရွက်မှုအစီအစဉ်ရဲ့ အစဖြစ်လာမှာဖြစ်တယ်လို့လည်း အင်ဒရူးစ်က ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာဆီယံရဲ့ အဓိက အခန်းကဏ္ဍကို ပံ့ပိုးပေးထားပြီး လာမယ့်လတွေမှာ တခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံ အများအပြားကို သွားရောက်ဖို့လည်း မျှော်လင့်ပါတယ်။”

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ ဇွန် ၂၃ ရက်မှာ ကွာလာလမ်ပူမြို့တော်က Westin Hotel မှာ သူ့ရဲ့ ပဏာမလေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီးတော့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပြီး သတင်းသမားတွေ ဝင်ရောက်ခွင့်ကိုတော့ တင်း တင်းကျပ်ကျပ် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024