DVB Logo
Home
မြန်မာသတင်း
မြောင်းမြနှင့် မအူပင်တွင် ဖွဲနုဆီစက်ရုံ တည်ဆောက်မည်
DVB
·
June 15, 2022
မြောင်းမြနှင့် မအူပင်တွင် ဖွဲနုဆီစက်ရုံ တည်ဆောက်မည်
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊  မြောင်းမြမြို့နယ်နဲ့ မအူပင်မြို့နယ်တို့မှာ ဖွဲနုဆီစက်ရုံတွေ တည်ဆောက်သွားဖို့ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO)က စီစဉ်နေပါတယ်။

အဲဒီ စီမံကိန်းကို စိုက်ပျိုးရေးဦးစီးဌာနထံက နှစ်ရှည်ငှားရမ်း ထားတဲ့ မြေနေရာပေါ်မှာ  လက်ရှိ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း  အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့  MAPCO ကုမ္ပဏီ ရဲ့  ၂၀၂၁−၂၀၂၂ နှစ်ပတ်လည် အစီရင်ခံစာအရ သိရပါတယ်။

မြောင်းမြနဲ့ မအူပင်မှာ ဖွဲနုကနေ ဖွဲနုဆီကြမ်း တစ်ရက်ကို တန် ၂၀၀ ထုတ်လုပ်နိုင်တဲ့ စက်ရုံနဲ့  ဖွဲနုဆီကြမ်းကနေ ဆီချော တစ်ရက်ကို တန် ၅၀ ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေ တည်ဆောက်သွားမှာ ဖြစ်ပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က  အတွေ့အကြုံရှိကုမ္ပဏီ ၅ ခု ထံကနေ စျေးနှုန်းအဆိုပြုလွှာတွေ တောင်းခံရရှိထားပြီးဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

အခုအခါ စီမံကိန်းမှာ တပ်ဆင်မယ့် စက်ဒီဇိုင်းကို သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းနေပြီး၊ စျေးနှုန်းစိစစ်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးခြင်းတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆောင်ရွက်နေတယ်လို့လည်း  MAPCO ကုမ္ပဏီရဲ့  ၂၀၂၁−၂၀၂၂ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

MAPCO ကုမ္ပဏီဟာ လယ်ယာစီးပွားရေးကို အခြေခံတဲ့အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ ကျေးလက်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုကုန်ထုတ်လုပ်ငန်းတွေ လုပ်ကိုင်တဲ့ ကုမ္ပဏီအဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။ 

ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ရဲ့ အစီရင်ခံစာမှာကုမ္ပဏီဟာ နိုင်ငံတော်လိုအပ်ချက်နဲ့ အားပေးမှုအရ  ဖွဲနုဆီစက်လုပ်ငန်းအပါအဝင်  ကန်ထရိုက်လယ်ယာလုပ်ငန်း၊ စပါးခွံကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့လုပ်ငန်းတွေကိုလည်း  ဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပကနေ စားဆီတင်သွင်းမှုကို လျော့ချနိုင်ရေး မူဝါဒချလုပ်ဆောင်လာပြီး ဖွဲနုအပါအဝင် နေကြာ၊ ဝါစေ့နဲ့ ပဲပုတ်တို့ကနေ ဆီထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံမှုတွေတိုးချဲ့ဖို့ ပြည်တွင်း၊ပြည်ပလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပြီး လိုအပ်တဲ့အကူအညီတွေ ပေးသွားမယ်လို့လည်း ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013