DVB Logo
Home
မြန်မာသတင်း
သထုံတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ
DVB
·
June 15, 2022
သထုံတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်နဲ့ ထုံးဘိုလေးကျေးရွာကြားမှာ ဇွန် ၁၄ ရက်၊ မနက် ၆ နာရီလောက်က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ၊ BGF ပူးပေါင်းအဖွဲ့က ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ စစ်ကောင်စီ ဝီယော်စခန်းကနေ စစ်ကောင်စီ၊ BGF ပူးပေါင်းအဖွဲ့က တပ်အင်အား ၁၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အချိန် ၇ နာရီလောက် ကြာမြင့်ပြီး နေ့လယ် ၁ နာရီလောက်မှ ပြီးဆုံးခဲ့တဲ့ အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ၊ BGF ပူးပေါင်းအဖွဲ့ဟာ ချီတက်လာစဉ်နဲ့ တပ်ပြန်ဆုတ်စဉ် ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိအခိုက် အကျအဆုံးများတာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းအဖွဲ့ဘက်က အထိနာခဲ့တာကြောင့် စစ်ကောင်စီ ဝီယော်စခန်းကနေ ထုံးဘိုလေးကျေးရွာထဲကို လက်နက်ကြီး အချက် ၁၀၀ ထက်မနည်း ပစ်ခတ်ပြီး ပစ်ကူပေးခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဘက်က ကျေးရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ထုံးဘိုလေးနဲ့ ထုံးဘိုကြီး အပါအဝင် အနီးနားကျေးရွာက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

KNU တပ်မဟာ(၁) သထုံခရိုင် တာဝန်ရှိသူတွေ အဆိုအရ သထုံမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နယ်ခြားစောင့်တပ် ဗိုလ်မောင်ချစ် လက်အောက်ခံ တပ်ခွဲမှူးဖြစ်တဲ့ ဗိုလ်တင်ဝင်းက ဦးဆောင်လာတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးအခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013