DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ရွှေကူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား
DVB
·
June 14, 2022
ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ရွှေကူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ဇွန် ၁၄ မနက် ဒီမနက် ၁၀ နာရီလောက်က စစ်ကြောင်း ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထီးချိုင့်တော်လှန်ရေးအဖွဲ့ Tigyaing Revolution TR ကထုတ်ပြန်ပါတယ်။

ထီးချိုင့်မြို့နယ် ပေါက်ကုန်းကျေးရွာကနေ အလယ်တောကျေးရွာသို့ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ လောက်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေဆီကသိရပါတယ်။

ဒေသခံ တစ်ဦးက  "စစ်တပ်က အယောက် ၄၀ လောက်ရှိမယ်။ ပေါက်ကုန်းကနေ အလယ်တောကို တက်လာတာ။ အလယ်တော သင်္ချိုင်းနားမှာ PDFက မိုင်းဆွဲတာ။ စစ်တပ်က ကောင်တွေ သေတာလည်းရှိတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ်။ ဘယ်နှယောက် သေလဲတော့ တိတိကျကျမသိရဘူး။ မိုင်းဆွဲခံရပြီးတော့ သေနတ်တွေပစ်ပြီး အလယ်တောရွာထဲ ပြေးဝင်သွားတယ်"လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၃ ယောက်သေဆုံးပြီး ဒဏ်ရာရရှိ သူတွေလည်းရှိကြောင်း ထီးချိုင့်တော်လှန်ရေးအဖွဲ့ Tigyaing Revolution TR က သတင်းထုတ်ပြန်ပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာလည်း ကသာမြို့သွားရာလမ်းမကြီးဘက်မှာ ကေအိုင်အေ၊ PDF ပူပေါင်းတပ်နဲ့ စစ်ကောင်စီတပ် ခမရ (၄၁၅) တပ်ဖွဲ့တို့ ဇွန် ၁၃ ရက် မနက် ၉ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကူမြို့နယ် ရွှေငြိမ်းချမ်းကျေးရွာကနေ ကျောက်ကြီးကျေးရွာကို တပ်ရွေ့ပြောင်းလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသအခေါ် ၇ မိုင်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အနီးအနားဒေသခံတစ်ဦးကဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် ခလရ ၁၂၁ က စစ်ကောင်စီ၀င်တွေ စစ်ကူရောက်ခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ ကျော်သေဆုံးကာ  ၁၂ မိုင်ကျေးရွာကို တပ်ဆုတ်သွားပြီလို့ PDFအဖွဲ့က ထုတ်ပြန်ထားပေမဲ့ နှစ်ဖက်တပ်တွေ ထိခိုက်သေဆုံးတဲ့ အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲမကြာခဏပြင်းထန်ခဲ့ပြီး ဇွန်လ ၃ ရက်ကလည်း သင်္ဘောလုံခြုံရေးယူဖို့ မိုးစစ်ကျေးရွာမှ ဆင်တပ်ကျေးရွာဘက်ကိုလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013