DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က အရာခံဗိုလ် ၁ ဦး လွိုင်ကော် PDF ထံ ခိုလှုံ အလင်းဝင်
DVB
·
June 14, 2022
စစ်ကောင်စီတပ်က အရာခံဗိုလ် ၁ ဦး လွိုင်ကော် PDF ထံ ခိုလှုံ အလင်းဝင်
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့ကနေ ထွက်ခွာလာတဲ့  စစ်ကောင်စီတပ်က  အရာခံဗိုလ်တယောက်ဟာ လွိုင်ကော် PDF ဆီ မကြာသေးခင်က ဆက်သွယ်လာပြီး ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်ခဲ့ပါတယ်။

အဆိုပါ အရာခံဗိုလ်ဟာ အမှတ် ၉၄၆ ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ)၊ အမ်းမြို့ (ရခိုင်ပြည်)ကဖြစ်ကာ ပြီးခဲ့တဲ့လကဆက်သွယ်ကာ CDM ပြုလုပ်ပြီး ဝင်ရောက်လာခဲ့တာလို့  လွိုင်ကော် PDF ကပြောပါတယ်။

လတ်တလောမှာတော့ လွိုင်ကော် PDF အနေနဲ့ အဆိုပါ အရာခံဗိုလ်ရဲ့ စားဝတ်နေရေးကိစ္စအားလုံး တာဝန်ယူထားပြီး ပြည်ပထွက်ခွာ ဘဝအသစ်စတင်နိုင်ဖို့လည်း စီစဉ်ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုး သားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မ တော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး အာဏာရှင် ယန္တရား ကို ဖြိုချဖျက်ဆီးရင်း ပြည်သူချစ်တဲ့ သမာသမတ်ကျတဲ့ ဖက်ဒရယ်တပ်မတော်တစ်ခု ပေါ်ပေါက်လာဖို့အတွက် အမြန်ဆုံးနည်းလမ်းဟာ CDM သာ ဖြစ်တာကြောင့် စစ်ကောင်စီ တပ်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်သားတွေ၊ အရာရှိ တွေအနေနဲ့ အမြန်ဆုံး CDM ပြုလုပ်ရင်း ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့လည်း လွိုင်ကော် PDF က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013