Home
မြန်မာသတင်း
ဖရူဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
DVB
·
June 14, 2022
287983772_329805319327390_3940366661409641990_n
287877846_329805385994050_3391069287439072736_n
287339889_329805409327381_3231409256062872814_n
286674515_329805295994059_9047426184946957010_n
286381639_329805429327379_885098552578279832_n

ကရင်နီ(ကယား)ပြည်နယ်  ဖရူဆိုမြို့နယ်မှာ မေ ၁၀ ရက်မှ ဇွန် ၁၄ ရက်အထိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး လက်နက် ငယ် ၈ လက်နဲ့ ခဲယမ်းတချို့ကို သမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။ 

ဖရူဆိုမြို့နယ်ကနေ ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်ဘက် တပ်ပြောင်းဖို့ ပြည်ထောင်စု လမ်းမကြီး အတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို  ကရင်နီတပ်မတော်(KA)၊ KNDF၊ loikaw PDF နဲ့ DMO PDFတို့ပူးပေါင်းတပ်တွေက ဖရူဆိုမြို့နယ်၊ ဒေါးညေခူကျေးရွာနဲ့ ထီးပေါ့ဆိုကျေးရွာမှာ ခုခံတိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။

KNDF ပြောခွင့်ရသူက “တိုက်ပွဲက ၁၀ ရက်နေ့ဖြစ်တယ်၊ ၁၁ ရက်နေ့ဖြစ်တယ်။ ၁၂ ရက်နေ့မှာတော့ ကျနော်တို့ တိုက်ပွဲ ကြီးကြီးဖြစ်သွားတာပေါ့နော်။ ဖြစ်သွားတဲ့အခါမှာ စကစ ဘက်ကအသေအပျောက်များတယ်။ ထိခိုက်ဒဏ်ရာရတာလည်းများတယ်။ ကျနော်တို့ဘက်က လက်နက်ငယ် ၈ လက်ရတယ်။ နောက်ပြီး သူတို့ရဲ အသုံးအဆောင်တွေ၊ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်ပေါ့။ ဒီနေ့အထိလည်း တိုက်ပွဲက အဲမှာပဲဖြစ်နေတယ်။” လို့ ပြောပါတယ်။ 

စီကောင်စီတပ်တွေဟာ သူတို့ တပ်စွဲထားတဲ့ ဒေါညေးခူ၊ ထီးပေါဆိုရွာက နေအိမ်တွကို ဖောက်ထွင်းဖျက်စီးခဲ့သလို ခရစ်ယာန်ဘုရားကျောင်းလည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်းလည်း KNDF က ထုတ်ပြန်ထားပါတယ်။ 

Photo- KNDF 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024