DVB Logo
Home
မြန်မာသတင်း
ဖရူဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
DVB
·
June 14, 2022
ဖရူဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
1 / 5
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်  ဖရူဆိုမြို့နယ်မှာ မေ ၁၀ ရက်မှ ဇွန် ၁၄ ရက်အထိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး လက်နက် ငယ် ၈ လက်နဲ့ ခဲယမ်းတချို့ကို သမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။ 

ဖရူဆိုမြို့နယ်ကနေ ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်ဘက် တပ်ပြောင်းဖို့ ပြည်ထောင်စု လမ်းမကြီး အတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို  ကရင်နီတပ်မတော်(KA)၊ KNDF၊ loikaw PDF နဲ့ DMO PDFတို့ပူးပေါင်းတပ်တွေက ဖရူဆိုမြို့နယ်၊ ဒေါးညေခူကျေးရွာနဲ့ ထီးပေါ့ဆိုကျေးရွာမှာ ခုခံတိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။

KNDF ပြောခွင့်ရသူက “တိုက်ပွဲက ၁၀ ရက်နေ့ဖြစ်တယ်၊ ၁၁ ရက်နေ့ဖြစ်တယ်။ ၁၂ ရက်နေ့မှာတော့ ကျနော်တို့ တိုက်ပွဲ ကြီးကြီးဖြစ်သွားတာပေါ့နော်။ ဖြစ်သွားတဲ့အခါမှာ စကစ ဘက်ကအသေအပျောက်များတယ်။ ထိခိုက်ဒဏ်ရာရတာလည်းများတယ်။ ကျနော်တို့ဘက်က လက်နက်ငယ် ၈ လက်ရတယ်။ နောက်ပြီး သူတို့ရဲ အသုံးအဆောင်တွေ၊ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်ပေါ့။ ဒီနေ့အထိလည်း တိုက်ပွဲက အဲမှာပဲဖြစ်နေတယ်။” လို့ ပြောပါတယ်။ 

စီကောင်စီတပ်တွေဟာ သူတို့ တပ်စွဲထားတဲ့ ဒေါညေးခူ၊ ထီးပေါဆိုရွာက နေအိမ်တွကို ဖောက်ထွင်းဖျက်စီးခဲ့သလို ခရစ်ယာန်ဘုရားကျောင်းလည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်းလည်း KNDF က ထုတ်ပြန်ထားပါတယ်။ 

Photo- KNDF 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013