DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ကျပ်သိန်း ၁၃၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
June 14, 2022
မောင်တောတွင် ကျပ်သိန်း ၁၃၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားစစ်ဆေးရေးဂိတ်မှာ ဇွန်လ ၁၃ ရက် မနက် ၁၀ နာရီက အငူမှော်ကျေးသား ၂ ဦးနဲ့အတူ ကျပ်သိန်း ၁၃၀၀၀  ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၇ သောင်းလောက် ဖမ်းဆီးရမိတယ်လို့ ရွှေဇားနယ်ခြားစောင့်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

“ဟုတ်တယ်။ ဒီနေ့ မနက် ၁၀ နာရီကျော်မှာ ယာဥ်အသွားအလာတွေကို စစ်နေတာ။ မောင်တောဘက်က ရွှေဇားကိုလာတဲ့  ဘောက်ဆီကားကို စစ်ဆေးရာမှာ မူးယစ်ဆေးတွေ ကားထိုင်ခုံအောက်မှာ ရှာဖွေတွေ့ရှိတာ” လို့ စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိတဦးက ပြောပါတယ်။

ကာလတန်ဖိုး ၁၃၆၅၀၀,၀၀၀ ကျပ်ဖိုးရှိ WY စိတ်ကြွဆေးပြား မူးယစ်ဆေးဝါး ၆၈၂၅၀ ပြားနဲ့အတူ ဖမ်းဆီးမိခဲ့တဲ့ အငူမှော်ကျေးရွာက ကားဒရိုင်ဘာ ဂျေမောင်မောင်(ခ)မောင်မောင်မောင်နဲ့ အောင်ဆန်းဦးတို့ကို မူးယစ်ဆေး ဥပဒေပုဒ်မနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။

ဇွန် ၈ ရက် မနက် ၁၁ နာရီခွဲကလည်း မောင်တောမြို့ သီဟိုဠ်ခြံစစ်ဆေးရေးဂိတ်မှာ WY မူးယစ်ဆေးပြားပေါင်း ၂၄,၀၀၀ နဲ့အတူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး ဖမ်းမိခဲ့​ပါသေးတယ်။

ဖမ်းဆီးခံရသူ ၉ ဦးမှာ မောင်တောမြို့နယ် သရီကုန်းဘောင်ရွာမှ ကိုစိုးအောင်သိန်း၊ ရသေ့တောင်မြို့နယ် နှင်းဆီကုန်းကျေးရွာမှ ဒေါ်စိုးစိုးအေး(ခ)မိုးမိုးအေး(ခ)စိုးစိုး၊ မောင်တောမြို့ ကညင်တန်းရပ်ကွက်မှ ဦးဝင်းချေ၊ မောင်တောမြို့ တမန်းသားကျေးရွာမှ ဦးအောင်နီလာ၊ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ဦးစိန်လှထွန်းနဲ့ ကိုအောင်မျိုးဝင်း(၃၁ နှစ်)၊ ပုဏ္ဏားကျွန်းမြို့နယ် မြသောက်ကျေးရွာမှ ဦးအောင်ချမ်းအေး၊ မောင်တောမြို့ ခရေမြိုင်ကျေးရွာမှ ကိုခိုင်မျိုးလင်း၊ မောင်တောမြို့ မြို့မအနောက်ရပ်ကွက်မှ ဦးဇော်မီတို့ဖြစ်ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013