DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) နှင့် အာဏာသိမ်း စစ်ခေါင်းဆောင် တွေ့ဆုံ
DVB
·
June 13, 2022
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) နှင့် အာဏာသိမ်း စစ်ခေါင်းဆောင် တွေ့ဆုံ
1 / 2
Donate to DVB

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒု ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့အဖွဲ့ဟာ  ဇွန်လ ၁၃ ရက်မနက်က အာဏာသိမ်း စစ်ခေါင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အခုငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ တိုင်းပြည်ရဲ့ ပကတိအနေအထားနဲ့ ကိုက်ညီပြီး ဖြစ်သင့်ဖြစ်ထိုက်တာတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေ အမှန်တကယ် ဖြစ်နိုင်ဖွယ်ရှိတာတွေကို  အသေးစိတ် အကြေအလည် ဆွေးနွေးအဖြေရှာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနေနဲ့ တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို မြင်အောင်ကြည့်စေလိုပြီး လာရောက်ဆွေးနွေးလိုတဲ့ စိတ်ဆန္ဒရှိပါက ထပ်မံဖိတ်ခေါ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဒါ့အပြင် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းဆောင်ရွက်ဖို့ ရှင်းလင်းဆွေးနွေးခဲ့တယ်လို့လည်းဆိုပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ကလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်နိုင်မယ့် အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကိစ္စ ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဆွေးနွေးပွဲကို စစ်ခေါင်းဆောင်နဲ့အတူ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး ပုံမှန်တက်ရောက်နေကြ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတော့ တက်ရောက်တာ မတွေ့ရပါဘူး။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဘက်ကတော့ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနဲ့အတူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ခိုင်စိုးမြနဲ့  ခိုင်ပေါ်လင်းတို့  တက်ရောက်ကြပါတယ်။

ALP အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ် သွားဖို့ရှိပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနွေးဖို့  ဧပြီလ ၂၂ ရက်က   ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က စာရင်းပေးထားပြီး တဖွဲ့ချင်းဆီ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေတာ ဖြစ်ပါတယ်။ 

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013