DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၅ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီး
DVB
·
June 12, 2022
ဖားကန့်တွင် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၅ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မက်လင်ချောင်မှော်ဘက်မှာ ဇွန် ၁၁ ရက် ည ၉ နာရီခွဲလောက်က စစ်ကောင်စီတပ်က ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၅ ယောက်လောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အင်အား ၁၀၀ ကျော်လောက်နဲ့ နေအိမ်တစ်အိမ်ကို စီးနင်း အိမ်တံခါးတွေ ရိုက်ချိုးဝင်ရောက်ပြီး  ကလေးငယ်အပါအဝင် အိမ်သားအားလုံးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"အရပ်ဝတ်တွေရော၊ စစ်သားတွေရော၊ ရဲတွေရောပဲ။ အယောက် ၁၀၀ကျော်တယ်။ မှော်ထဲဝင်စီးတာ။ လူတစ်ယောက်ကို လာရှာတာ။ မတွေ့တော့ သူ့ရဲ့ မိသားစု အဖေ၊ အမေ၊ မိန်းမနဲ့ ကလေးတွေ အကုန်ဖမ်းတယ်။ လာနေတဲ့ စစ်ဘေးဒုက္ခသည် ၇ ယောက်လည်း ဖမ်းသွားတယ်။ ဖားကန့်ရဲစခန်း၊ဖားကန့်ဗျူဟာကုန်း အဲ့တစ်နေရာရာကို ဖမ်းသွားတာ ဖြစ်နိုင်တယ်။ ရွာထဲကနေတော့ ၁၂နာရီကျော်ကမှ  သူတို့တွေ ထွက်သွားတာ။” 

ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကလည်း  ဖားကန့်ဆိပ်မူကျေးရွာအုပ်စုမှာ မက်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဆွေမျိုးတော်စပ်သူ ၃ ယောက် အသတ်ခံခဲ့ရပြီး အဲ့ဒီကိစ္စကြောင့် အခုလို လိုက်ဖမ်းဆီးတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်း ပြောကြပါတယ်။ 

လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို ဘယ်မှာဖမ်းဆီးထားလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013