DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့ရှိ အန်အယ်လ်ဒီလွှတ်တော်အမတ် နေအိမ် ချိပ်ပိတ်ခံရ
DVB
·
June 11, 2022
ဗန်းမော်မြို့ရှိ အန်အယ်လ်ဒီလွှတ်တော်အမတ် နေအိမ် ချိပ်ပိတ်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇွန် ၁၀ ရက် နေ့လယ်ပိုင်းက အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်နဲ့ ပတ်သက်တဲ့နေအိမ်တွေကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လမ်းပိတ်ဆို့ပြီး  ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့အနိုင်ရခဲ့တဲ့ ဗန်းမော်မြို့နယ် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်မြင့် နေထိုင်သွားခဲ့ဖူးတဲ့  အလယ်ရပ် အမှတ် ၂ စျေးလမ်း အိမ်ကို ၀င်ရောက်စစ်ဆေးပြီး စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါတယ်။  

အလားတူ ကုက္ကိုတောစျေးအနီးမှာရှိတဲ့ လွှတ်တော်အမတ် ဦးအောင်သိန်းရဲ့ ယောက္ခထီး အိမ်ကိုလည်း စစ်ကောင်စီနဲ့ရဲတွေက ချိပ်ပိတ်သွားတာဖြစ်ပြီး လမ်းတွေကို ပိတ်ဆို့ခဲ့တာကြောင့် ဒေသခံတွေ သွားရေးလာရေးအခက်တွေ့ခဲ့တယ်လို့ ဗန်းမော်ဒေသခံတယောက်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်မြင့်ရဲ့ မိသားစုဝင် တချို့ ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ရပြီး ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို တခြားနေရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့  မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ မေ ၂၄   ရက်ကလည်း ဗန်းမော်မြို့ နောင်ခိုရပ်မှာရှိတဲ့ လူမနေတာ ကြာပြီဖြစ်တဲ့ ကချင်ပြည်နယ်လွှတ်တော် အန်အယ်လ်ဒီအမတ် ဦးဇော်သင်းရဲ့ နေအိမ်ကိုလည်း ကချင်ပြည်နယ်မှာ ပထမဆုံးချိပ်ပိတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013