DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီးမြို့နယ် KNU/PDF အမည်ခံပြီး လူမှုကွန်ရက်တွင် အလှူခံနေမှု KNU ကန့်ကွက်
DVB
·
June 11, 2022
ကျောက်ကြီးမြို့နယ် KNU/PDF အမည်ခံပြီး လူမှုကွန်ရက်တွင် အလှူခံနေမှု  KNU ကန့်ကွက်
Donate to DVB

ကျောက်ကြီးမြို့နယ်ရဲ့  လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ KNU/PDF Kyaukkyi/ Bago Page အမည်ခံပြီး ပြည်သူလူထုထံ အလှူခံနေတဲ့အတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဇွန် ၁၀ ရက်က ကေအန်ယူက ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါလုပ်ရပ်အတွက် အပြင်းအထန်းကန့်ကွက်ရှုတ်ချကြောင်းနဲ့  ကေအန်ယူအဖွဲ့အစည်းအနေနဲ့ မိမိတို့ရဲ့ မူ ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်တွေအတိုင်း ရပ်တည်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကျောက်ကြီးမြို့နယ်ရဲ့ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း အဖွဲ့အစည်းတစ်ခုခုက ဘယ်လုပ်ငန်းမဆို ဆောင်ရွက်လိုရင် သက်ဆိုင်ရာမြို့နယ်အဖွဲ့အစည်းထံ ခွင့်ပြုချက်ရယူပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း ညွှန်ကြားထားပါတယ်။

အဆိုပါလုပ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၃၊ ကျောက်ကြီးမြို့နယ်အနေနဲ့ ဆက်လက် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013