DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအတွက် အမေ့ထီးကမ်ပိန်းလက်မှတ် ၇၅၀၀၀ ကျော်ရောင်းချထား
DVB
·
June 10, 2022
တော်လှန်ရေးအတွက် အမေ့ထီးကမ်ပိန်းလက်မှတ် ၇၅၀၀၀ ကျော်ရောင်းချထား
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးအတွက် “အမေ့ထီး၊ အမေ့မွေးနေ့ ၊ အမေ့အတွက်လက်ဆောင်” ကမ်ပိန်း အနေနဲ့ ရန်ပုံငွေကံစမ်းမဲ လက်မှတ် ၇၇,၀၀၀ ရောင်းချဖို့ ကြေညာထားရာမှာ လတ်တလော အချိန်ထိ လက်မှတ်ပေါင်း ၇၅,၀၀၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒီကမ်ပိန်းမှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမြဲအသုံးပြုနေကျ ဒေါင်းမြီးပုံပါထီးကို ကံစမ်းမဲလက်မှတ်တွေ ရောင်းချပြီး မဲဖောက်ပေးမှာဖြစ်ပြီး ရန်ပုံငွေတွေကိုတော့ တော်လှန်ရေးအတွက် လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုသွားဖို့ ရှိနေတာပါ။

ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ တတပ်တအား ပါဝင်ကံစမ်းဝယ်ယူလိုတယ်ဆိုရင်တော့ လာမယ့် ဇွန် ၁၂ ရက် နောက်ဆုံးထားပြီး ကမ္ဘာ့နိုင်ငံတွေကရော မြန်မာကပါ တရားဝင် မဲလက်မှတ်အရောင်းကိုယ်စားလှယ်တွေကတဆင့် ဆက်သွယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်းတွေအနေနဲ့ မြန်မာနိုင်ငံက ဝယ်ယူမယ်ဆိုရင် တစောင်ကို ၁၈,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ကာ တခြားကမ္ဘာ့နိုင်ငံအသီးသီးကလည်း သတ်မှတ်ငွေကြေးဈေးနှုန်းတွေ အသီးသီးနဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူ တွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးပုဒ်မတပ်ပြီး ဖမ်းဆီးထားသလို တနိုင်ငံလုံးအနှံ့ အပြစ်မဲ့ပြည်သူတွေကိုလည်း ဉပဒေမဲ့ ထင်ရာစိုင်းက ရမ်းကားသတ်ဖြတ်မှုတွေကိုပါ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၉၂၄ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၄,၀၅၅ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

နိုင်ငံအလိုက် ဆက်သွယ်ဝယ်ယူနိုင်မယ့် တရားဝင်လက်မှတ်အရောင်းကိုယ်စားလှယ်တွေစာရင်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

အမေ့ထီး - 1 Million Challenge Campaign Fundraisers

⭐️ Singapore & South East Asia နိုင်ငံများ⭐️

https://www.facebook.com/SuuUmbrella/posts/102624152442976

⭐️ အခြား Asia နိုင်ငံများ ⭐️

https://www.facebook.com/SuuUmbrella/posts/102695165769208

⭐️ Australia & New Zealand ⭐️

https://www.facebook.com/SuuUmbrella/posts/102691089102949

⭐️ UK & Europe နိုင်ငံများ ⭐️

https://www.facebook.com/SuuUmbrella/posts/102611665777558

⭐️ USA & Canada ⭐️

https://www.facebook.com/SuuUmbrella/posts/102702172435174

⭐️ Global Fundraisers များ ⭐️

https://www.facebook.com/SuuUmbrella/posts/102941795744545

💰 နိုင်ငံအလိုက် မဲလက်မှတ်စျေးနှုန်းများ 💰

https://www.facebook.com/SuuUmbrella/posts/103599072345484

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013