DVB Logo
Home
မြန်မာသတင်း
ကိုယ်အင်္ဂါစွန့်လွှတ်ရဲဘော်များ ပြန်လည်ထူထောင်ရေးကော်မတီကို NUG ဖွဲ့စည်း
DVB
·
September 27, 2026
Photo : MOD
Photo : MOD
Donate to DVB

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်က ထုတ်ပြန်ပါတယ်။

ကိုယ်အင်္ဂါစွန့်လွှတ်ရဲဘော်များ ပြန်လည်ထူထောင်ရေးကော်မတီကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးချုပ်တို့က တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဩဂုတ် ၃၀ ရက်ကတည်းက ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေရဲ့ အသက်မွေးဝမ်းကျောင်း ပညာအပါအဝင် ပညာဆက်လက် သင်ယူနိုင်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန် ရေးဆွဲထားပြီး လက်တွေ့အကောင်အတည်ဖော်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အသက်မွေးဝမ်းကျောင်းပညာ ဆက်လက်သင်ယူလိုသူတွေ ဒါမှမဟုတ် အလုပ်အကိုင် အခွင့်အလမ်းရရှိလိုတဲ့ PDF၊ ပကဖ နဲ့ တခြားသော တော်လှန်ရေးအဖွဲ့တွေက ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအနေနဲ့ ကော်မတီသို့ ဆက်သွယ်သတင်းပေးပို့ကြရန် NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013