DVB Logo
Home
မြန်မာသတင်း
တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၂၀၀ ကျော် လျော့နည်းကျဆင်း
DVB
·
June 10, 2022
တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၂၀၀ ကျော် လျော့နည်းကျဆင်း
Donate to DVB

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အစ ဧပြီ ၁ ရက်ကနေ မေလ နောက်ဆုံးပတ်အထိ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေအကြား နယ်စပ်ကုန်သွယ်မှုတန်ဖိုးက အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်သာ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နဲ့ ကာလတူနှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ၂၂၄ သန်းကျော် လျော့ကျခဲ့ပါတယ်။

အလားတူ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန် ၂၅ သန်းကျော် လျော့ကျခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုမှာတော့  အမေရိကန် ဒေါ်လာ သန်း ၁၃၀ ကျော်၊ ဘင်္ဂလားဒေ့်ရှ် နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန် ၂ သန်းကျော် မြင့်တက်ခဲ့ပါတယ် ။

ထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုက စုစုပေါင်း နယ်စပ်ကုန်သွယ်ရေးရဲ့ ၇၀ ရာခိုင်နှုန်း ကျော်အထိ ရှိခဲ့ပြီး တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုက ၂၀ ရာခိုင်နှုန်းကျော်၊ ဘင်္ဂလားဒေ့်ရှ်နိုင်ငံနဲ့က ၀.၅ရာခိုင်နှုန်း၊ အိန္ဒိယနဲ့က ၀.၃ ရာခိုင်နှုန်း အသီးသီးရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်မှုမှာ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုက သိသိသာသာ မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ မီနီဘတ်ဂျတ်ကာလအတွင်း ကုန်သွယ်မှုမှာလည်း စုစုပေါင်း နယ်စပ်ကုန်သွယ်ရေးရဲ့ ၇၅ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့ပါတယ်။

အရင်က မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုမှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုက အများဆုံး ဖြစ်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် နှောင်းပိုင်းကာလကစတင်ပြီး တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှု သိသိသာသာ လျော့နည်းကျဆင်းခဲ့ကာ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုက အများဆုံးဖြစ်လာတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013