Home
မြန်မာသတင်း
ရေစကြို၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PDF သိမ်းပိုက်
DVB
·
June 9, 2022
Yay Sa Gyo Chaung U Gate
Sin Phyu Shin Bridge Gate
287133566_152218367382868_7794020614388168439_n

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို ဇွန် ၉ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ မြို့နယ်ကာကွယ်ရေး ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကာ ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တပ်ဖွဲ့-ရေစကြိုကနေ သိရပါတယ်။

ဆင်ဖြူရှင်တံတားဂိတ်စခန်းကို ပ.က.ဖ(ရေစကြို)၊ ပ.က.ဖ(မြိုင်) နဲ့ ဆားလင်းကြီးမြို့နယ် STTF တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာမှာ တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီလောက် ကြာခဲ့ပြီး မွန်းလွဲ ၁ နာရီလောက်မှာ စခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ပ.က.ဖ(ရေစကြို)ရဲ့ ခေါင်းဆောင် ရဲဘော်ဝေကြီးကပြောပါတယ်။

“အဲဒီတိုက်ပွဲမှာ စစ်(...)တွေဘက်က ၃ ယောက် သေဆုံးပြီး တစ်ယောက် အရှင် ဖမ်းမိခဲ့တယ်။ ဒါ့အပြင် G3 သေနတ် ၄ လက်၊ အူစီ ၃ လက်၊ ခြောက်လုံးပြူးတစ်လက်၊ ဗုံးသီး တစ်လုံး၊ ကျည်ဆန် ၁၀၀၀ နဲ့ ငွေ သိန်း ၁၁၀ ကျပ် သိမ်းဆည်းနိုင်ခဲ့တယ်။ စစ်(...)တချို့ကတော့ သေနတ်ဒဏ်ရာတွေနဲ့  ဖရိုဖရဲ ဖြစ်ပြီး ထွက်ပြေးသွားကြတယ်။ အဲဒီဂိတ်စခန်းက အဆောက်အအုံတွေကိုတော့ မီးရှို့ ဖျက်ဆီးခဲ့ကြတယ်။ တိုက်ပွဲအတွင်းမှာ ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်တွေ အထိအခိုက် အကျဆုံးမရှိခဲ့ဘူး။” 

အဲဒီ ဆင်ဖြူရှင်တံတားဟာ မုံရွာခရိုင် ချောင်းဦးနဲ့ ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ကို ဆက်သွယ်ထားတဲ့ တံတားဖြစ်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ပူးပေါင်းပြီး ခရီသွားပြည်သူတွေကို နေ့စဥ် နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတဲ့ ဂိတ်စခန်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

နှစ်ဘက် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား သေဆုံးတဲ့ အခြေအနေကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024