DVB Logo
Home
မြန်မာသတင်း
တပ်စခန်းများကို ဆုတ်ပေးမည်မဟုတ်ဟု စစ်ကောင်စီတပ်ကို SSPP/SSA တုံ့ပြန်
DVB
·
June 9, 2022
တပ်စခန်းများကို ဆုတ်ပေးမည်မဟုတ်ဟု စစ်ကောင်စီတပ်ကို SSPP/SSA တုံ့ပြန်
1 / 2
Donate to DVB

စစ်ကောင်စီပြောထားတဲ့ တပ်စခန်းနေရာတွေကို  ဆုတ်ပေးမှာမဟုတ်ကြောင်းနဲ့  စစ်ကောင်စီတပ်တွေထိုးစစ်ဆင်လာပါက ပြန်တိုက်ဖို့ စစ်ရေးပြင်ဆင်ကာ အသင့်အနေအထားရှိနေတယ်လို့ SSPP/SSA  ဒီကနေ့ ဇွန် ၉ ရက်မှာ ထုတ်ပြန်ကြေညာလိုက် ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မြောက်ပိုင်းဒေသမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ် လုံခြုံရေးတပ်စခန်း ၃ ခုကို ဇွန် ၁၀ ရက် နောက်ဆုံးထားပြီး ဆုတ်ခွာပေးရမယ်လို့ အာဏာသိမ်းစစ်ကောင်စီတပ်က ဇွန် ၄ ရက်က သတိပေးထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ဆုတ်ခိုင်းတဲ့ SSPP/SSA ဌာနချုပ် လုံခြုံရေးတပ်စခန်း ၃ ခုကတော့ လွိုင်နိုင်းလမ်းခွဲအဝင်အနီး ခန့်မှန်းမြေပုံညွှန်း (ME-၃၇၀၃၁၇) ရှိစခန်း၊ မန်ဝိန်းကျေးရွာအနီး ခန့်မှန်းမြေပုံညွှန်း (ME-၄၀၃၃၃၁) စခန်း၊ မန်ဝိန်းကျေးရွာအနီး ခန့်မှန်းမြေပုံအညွှန်း (ME-၄၁၉၃၃၆) စခန်းတို့ဖြစ်ပါတယ်။

အဲ့ဒီတပ်စခန်းတွေဟာ “ဝ” တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေနဲ့ ထိစပ်နေပြီး SSPP-SSA တပ်က ဆယ်စုနှစ်တခုစာ အခြေပြုခဲ့တဲ့ တပ်စခန်းတွေဖြစ်တာ​ကြောင့် တပ်ဆုတ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ SSPP/SSA ဘက်က ဒီကနေ့ ဇွန် ၉ ရက်မှာ တရားဝင်ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်က အဲဒီတပ်စခန်းနေရာတွေကို ထိုးစစ်ဆင်လာပါက တိုက်ပွဲဖြစ်လာနိုင်ခြေရှိပြီး ​SSPP/SSA ဘက်မှာလည်း စစ်ရေးပြင်ဆင်ကာ အသင့်အနေအထား ရှိနေတယ်လို့ SSPP/SSA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

​ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းက မိုင်းရှူးမြို့နယ်၊ တာဆန်ဖူးဒေသမှာရှိတဲ့ SSPP/SSA တပ်စခန်းတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က တပ်ဆုတ်ခိုင်းတာကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၅ ခုနှစ် မိုင်းရှူးမြို့နယ်၊ တာဆန်ဖူးဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကြောင့် ကျေးရွာပေါင်း ၅ ရွာမက ပျက်စီးကာ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံရတာတွေ ရှိတာကြောင့် အဲဒီကျေးရွာက အရပ်သားပြည်သူလူထု ၄၀၀ ကျော်ဟာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဟာ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်ဖြစ်ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲဆိုင်ရာ သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်နဲ့လည်း စစ်ရေးတင်းမာနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013