DVB Logo
Home
မြန်မာသတင်း
ဝန်းသိုမြို့နယ်တွင် ရွာသား ၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
June 9, 2022
ဝန်းသိုမြို့နယ်တွင် ရွာသား ၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲက လေးရွာ၊ တပ်ကုန်း၊ ချောင်ဆုံကျေးရွာက ရွာသားပြည်သူ အယောက်  ၄၀ ဝန်းကျင်ကို ဇွန် ၈ ရက်မနက်က စစ်ကောင်စီတပ်သားတွေ  ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဝန်းသိုမြို့နယ်ထဲကို စစ်အင်အားတိုးမြှင့်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်အင်အား ၆၀ ဝန်းကျင်ရှိ စစ်ကြောင်းက လမ်းကြောင်းတလျှောက်ကျေးရွာ လေးရွာမှာရှိတဲ့ ပြည်သူတွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီး‌တော့ ပြည်သူ လေးဆယ်လောက်ကို ဓားစာခံအနေနဲ့ ခေါ်သွားတယ်လို့သိရတယ်။ တိုက်ပွဲမဖြစ်ခင်ကတည်းကနေ လမ်းမှာ လယ်လုပ်နေတဲ့ပြည်သူတွေကို ခေါ်တယ်၊ ရွာထဲမှာတွေ့ရင် ရွာထဲကနေခေါ်တယ်၊ စစ်ကြောင်းက ထောက်ကြံ၊ ညောင်ပင်တောကနေ ဝန်းသိုမြို့ဘက်ကို တက်သွားတယ်၊ ညနေအထိ သတင်းရတာက ပြန်မလွှတ်သေးဘူးလို့ သိရတယ်။” 

စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မနက် ၇ နာရီလောက် အဆိုပါကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သား တယောက် ထိမှန်ပြီး ကျဆုံးခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဝန်းသိုမြို့နယ်ထဲက နမ်းခမ်းကျေးရွားပတ်ဝန်းကျင်တွေမှာလည်း တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး တရွာလုံးစစ်ရှောင်နေရကာ ရွာထဲမှာ ပျူစောထီး၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့သူတွေသာ ကျန်နေတယ်လို့ ဆိုပါတယ်။

နမ်ခမ်းကျေးရွာဟာ ပျူစောထီးတွေ အားကောင်းတဲ့ ရွာဖြစ်ပြီး လက်ရှိအချိန် ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကောင်စီတပ်သားတွေက စခန်းတွေ အခိုင်အမာတည်ဆောက်ပြီး စခန်းချ နေထိုင်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါင်းပြီးသွားတိုက်တာ သုံးကြိမ်ရှိပြီ၊ ဘန်ကာ သုံး လေးခုတော့ ဖြိုနိုင်ခဲ့တယ်။ အဲဒီရွာက ပျူတွေအားကောင်းတယ်၊ ရွာပတ်ဝန်းကျင်တွေမှာ ပျူတွေနဲ့ စကစတွေ စခန်းတွေ သေချာ‌လုပ်ပြီးထိုင်နေတယ်။”

စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေဟာ ရွာပတ်ဝန်းကျင်က ဖြတ်သွားဖြတ်လာ ပြည်သူတွေဆီကနေ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးကောက်ခံနေတယ်လို့ ဆိုပါတယ်။

ဝန်းသိုမြို့နယ်ထဲမှာ ဂျိုးတောင်၊ နမ်းခမ်း၊ အင်းဆိုပြီး တိုက်နယ်သုံးခုရှိပြီး ကျေးရွာပေါင်း ၅၀ က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကူညီပေးနေတဲ့သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကလည်း ဝန်းသိုမြို့နယ်နဲ့ ကောလင်းမြို့နယ်အစပ်က တိမ်လှည်၊ ရှမ်းစု၊ သပြေရွာ၊ အောင်းကုန်း၊ ကျောက်‌ပေါက်ခုန် စတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ပေါင်း ၁၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013