DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် အင်တာနက်မရသဖြင့် ဖက်ဒရယ်ကျောင်း တက်ရောက်ရန် အခက်အခဲကြုံနေ
DVB
·
June 9, 2022
မိုးကုတ်တွင် အင်တာနက်မရသဖြင့် ဖက်ဒရယ်ကျောင်း တက်ရောက်ရန် အခက်အခဲကြုံနေ
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်ကောင်စီက အင်တာနက်တွေကို ဖြတ်တောက်ထားတာကြောင့် မိုးကုတ်ဖက်ဒရယ်ကျောင်းမှာ ကျောင်းမတက်ရသေးတဲ့ ကျောင်းသူ ကျောင်းသား ၈၀ ရာခိုင်နှုန်း ကျန်ရှိနေတယ်လို့ သိရပါတယ်။

မိုးကုတ်ဖက်ဒရယ်ကျောင်းကို ဧပြီလ ၁၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး Zoom ကနေတဆင့် သင်ကြားရတဲ့အတွက် အင်တာနက်မရရှိတဲ့ မိုးကုတ်မြို့က ကျောင်းသားတွေ ကျောင်းတက်ဖို့ အခွင့်အရေးနည်းနေတာလို့ မိုးကုတ် ဖက်ဒရယ်ကျောင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

မိုးကုတ်မြို့ထဲက မိဘတချို့ကလည်း စစ်ကောင်စီဖွင့်တဲ့ကျောင်းကိုလည်း မထားချင်ကြသလို ဖက်ဒရယ်ကျောင်းကျတော့လည်း အွန်လိုင်းမရတာကြောင့် သူတို့ကလေးတွေ ပညာရေးအတွက် စိုးရိမ်နေကြတာမျိုးတွေ ရှိနေပါတယ်။

အလယ်တန်းကျောင်းသားတဦးရဲ့ မိခင်ဖြစ်သူက “အစိုးရကျောင်းကျတော့လည်း မထားချင်ပြန်ဘူး၊ ဖက်ဒရယ်ကျောင်းကျတော့လည်း ကိုယ့်မြို့က အင်တာနက်လိုင်းက မရပြန်ဘူး၊ ကျောင်းမထားရင်လည်း ကလေးတွေက စိတ်တွေလေနေကြပြီ” လို့ ပြောပါတယ်။

အင်တာနက်ကို အသုံးပြုပြီး Zoom ကတဆင့် စာသင်ကြားရတာဖြစ်တဲ့အတွက် CDM ဆရာ၊ ဆရာမတွေအနေနဲ့ အင်တာနက် ဒေတာဖိုးတွေ စျေးတက်နေတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

“တလကို Data သူံးတဲ့သူတွေက ၉ သောင်းနဲ့ ၁ သိန်းကြား ကုန်နေကြတယ်။ ထောက်ပံ့မှုကျ အဲဒီလောက် မပေးနိုင်တော့ ခက်ခဲကြပါတယ်။ ကျောင်းက ထောက်ပံ့ပေးပေမယ့် မလုံလောက်တဲ့ အခြေအနေပေါ့ဗျာ” လို့ မိုးကုတ်ဖက်ဒရယ်ကျောင်းက ဆရာတဦးက ပြောပါတယ်။

ကျောင်းသားတွေကို CDM ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာပါမှ လက်ခံတာဖြစ်ပြီး မိုးကုတ်ဖက်ဒရယ်ကျောင်းမှာ မိုးကုတ်မြို့အပြင် တနိုင်ငံလုံးက ကျောင်းသားတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

မိုးကုတ်ဖက်ဒရယ်ကျောင်းမှာ အခုလက်ရှိ ကျောင်းသား ၁ ထောင်ကျော် ပညာသင်ကြားနေပြီး တန်းခွဲအသစ်တွေအနေနဲ့ နောက်ထပ် ကျောင်းသားတစ်ထောင့်ငါးရာအထိ လက်ခံသွားဖို့ရှိသလို ဆရာ၊ ဆရာမ လိုအပ်ချက်တွေရှိနေပြီး အခုလက်ရှိ ဆရာ၊ ဆရာမ အင်အား ၃၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ကျောင်းသားမိဘတွေကို မပူပန်ကြဖို့နဲ့ မိုးကုတ်ဖယ်ဒရယ်ကျောင်းအနေနဲ့ ပညာသင်ကြားရေးကို ကြိုးစားဆောင်ရွက်နေပါကြောင်းနဲ့ ပူပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီက မိုးကုတ်မြို့ကို အင်တာနက်လိုင်းဖြတ်ထားတာ တနှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013