DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်၊ စစ်တပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ
DVB
·
June 9, 2022
ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်၊ စစ်တပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဇွန် ၈ ရက်က စစ်ကောင်စီတပ်သားတွေနဲ့ ကင်းလှည့်နေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDFတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး ကရင်နီ ရဲဘော်၂ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

ဇွန် ၈ ရက် မနက် ၆ နာရီဝန်းကျင်လောက်က နယ်မြေရှင်းလင်းရေးလုပ်ရင်း ကင်းလှည့်နေတဲ့ KNDF တပ်ရင်း ၉ က ရဲဘော်တွေကို   စံပြ ၆ မိုင် အနီးဓမ္မာရုံမှာ ကင်းပုန်းဝပ်နေတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး လက်နက်ငယ်နဲ့ စတင်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားပြီး KNDF တပ်ရင်း ၉ ဘက်က RPG နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

KNDF တပ်ရင်း ၉ မှ တာဝန်ရှိသူ တစ်ဦးက "စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဓမ္မာရုံနားကို ရောက်နေတာ မသိလိုက်ဘူး။ ကျနော်တို့ရဲဘော်တွေကို တွေ့တာနဲ့ စပစ်တာပါ။ တိုက်ပွဲက ၃ နာရီကျော်ကြာ ပြင်းထန်ခဲ့ပါတယ်။ မနက် ၁၁ နာရီ အချိန်လောက်က စံပြ ၆ မိုင် အုပ်စုထဲက လူတွေရှိနေတဲ့ ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်လို့ အဘွားအိုတယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပါတယ်။ ည ၇ နာရီအထိ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇွန် ၆ ရက် မနက် ၁၁ နာရီလောက်ကလည်း  ဒီးမော့ဆိုမြို့ ခြောက်မိုင်အုပ်စု မှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF -B09 နယ်မြေအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ဝန်းကျင်ရောက်လာပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  KNDF -B 09 ကထုတ်ပြန်ပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်မှ တာဝန်ရှိသူ တစ်ဦးက "တပ်ရင်းက ရဲဘော်တွေက နယ်မြေရှင်းလင်းရေးလုပ်ရင်း ကင်းထောက်သွားတဲ့အချိန် ထိတွေ့ တိုက်ပွဲဖြစ်ပွားတာပါ။ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး ရဲဘော်တစ်ဦး ဒဏ်ရာရသွားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦးထက်မနည်း ဒဏ်ရာ ရသွားပြီး သေဆုံးမှု ရှိနိုင်တယ်လို့ ဒီဗွီဘီပြောပါတယ်။

တိုက်ပွဲအတွင်း ဒဏ်ရာရသွားတဲ့ ရဲဘော်ကို အချိန်မှီ ကယ်ထုတ်ခဲ့နိုင်ပြီး လက်ရှိအချိန်မှာ ဆေးဝါးကုသမှုပေးတာကြောင့် ဒဏ်ရာမှာမစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဇွန်လ ၄ ရက်နေ့  နဲ့ ၅ ရက်နေ့ကလည်း ဒီးမောဆိုမြို့နယ် စံပြခြောက်မိုင် အုပ်စုအတွင်း စစ်ကောင်စီဖွဲ့ဝင်တွေက စစ်ကြောင်းထိုးလာလို့ ကရင်နီအမျိုးသာကွယ်ရေးတပ် KNDF B-09 မှ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးသူ အများအပြားရှိနိုင်ပြီး KNDF တပ်ရင်း ၉ မှ ရဲဘော် ၃ ဦး နဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013