DVB Logo
Home
မြန်မာသတင်း
တောင်ဥက္ကလာ၊ City Mart အနီး ကား ၅ စီးဆင့်တိုက်၊ လူ ၃ ဦး ဒဏ်ရာရ
DVB
·
June 8, 2022
တောင်ဥက္ကလာ၊  City Mart အနီး ကား ၅ စီးဆင့်တိုက်၊ လူ ၃ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊   City Mart ဈေးဝယ်စင်တာအနီး ဇွန် ၈ ရက်  ဒီကနေ့မနက် ၈ နာရီခွဲလောက်က  မော်တော်ယာဉ် ၅ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့လို့ အမျိုးသမီးတွေအပါအဝင်  ၃ ဦးဒဏ်ရာရသွားပြီး ကားတွေလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားပါတယ်။

City Mart ဈေးဝယ်စင်တာရှေ့ရှိ မေတ္တာလမ်း မီးပွိုင့်ကို အရှိန်နဲ့ ဖြတ်ကျော်လာတဲ့ Mark ll ယာဉ်က ရှေ့မီးပွိုင့်တခုဖြစ်တဲ့  အောင်ရတနာမီးပွိုင့်မှာ ရပ်ထားတဲ့ ယာဉ်တွေကို ဆင့်တိုက်ခဲ့တာဖြစ်ပါတယ်။

ယာဉ်တိုက်မှုက အရှိန်ပြင်းလွန်းတဲ့အတွက် အတိုက်ခံရတဲ့ ယာဉ်တွေမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့တာကိုတွေ့ရပါတယ်။

ယာဉ်တိုက်သူဟာ အရက်သေစာ၊ မူးယစ်ဆေးဝါးသုံးစွဲထားပုံရပြီး ထွက်ပြေးတာလည်းရှိခဲ့လို့ ရပ်ကွက်နေပြည်သူတွေက လိုက်လံဖမ်းဆီးခဲ့တယ်လို့ ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာကို ရောက်နေတဲ့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့ အမျိုးသမီး တယောက်နဲ့ အမျိုးသား နှစ်ယောက်တို့ကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ထားရပြီး  အမျိုးသား နှစ်ယောက်ရဲ့ ဒဏ်ရာ စိုးရိမ်ရတယ်လို့ သိရပါတယ်။

အောင်ရတနာ မီးပွိုင့်အနီးမှာ မေ ၂၆ ရက်ကလည်း  ယာဉ်လေးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ကားအဝင်အထွက်များတဲ့ City Mart ဈေးဝယ်စင်တာနဲ့ အောင်ရတနာပုဂ္ဂလိက ဆေးရုံကြားက မီးပွိုင့်မှာ ယာဉ်ထိန်းရဲ ပုံမှန်လာရောက်ကြီးကြပ်တာ မရှိတော့ဘဲ  စစ်ကောင်စီလမ်းကြောင်းရှိမှသာ လာရောက်ကြတာဖြစ်တယ်လို့ အနီးနားနေကြသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013