DVB Logo
Home
မြန်မာသတင်း
တမူးမြို့တွင် အရပ်သား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
June 8, 2022
တမူးမြို့တွင် အရပ်သား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မ ၃/၁ ရပ်ကွက်မှာ  ဒေသခံ မိသားစုဝင်  သုံးယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေမှာ ဇွန် ၈ ရက်က ထုတ်ပြန်ပါတယ်။

ဇွန် ၆ ရက်က စစ်ကောင်စီတပ်သားတွေက တမူးမြို့‌ပေါ်  လှည့်ကင်းဆောင်ရွက်ရမှာ CDFနဲ့ ဆက်နွှယ်နေတယ်ဆိုတဲ့ မြို့မ ၃/၁ ရပ်ကွက်၊ အိမ်အမှတ် ၇၀ နေ ဒေါ်ကျင်နုရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့တာပါ။

ရှာဖွေရာမှာ ဒေါ်ကျင်နု၊ သမီးဖြစ်သူ ဒေါ်ပန်းဝါနဲ့ ထန်လမ်းပန် တို့နဲ့အတူ နေအိမ်အတွင်းမှ MG-1 လက်ပစ်ဗုံး  ၉  လုံး၊ လက်ပစ်ဗုံး Fuse  ၂၀  ချောင်း၊ ၄၀ မမ ဗုံးသီး  ၇  လုံး၊ ၉ မမ လူဂါကျည် ၂၁၅ တောင့်၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၅ ထုပ်) ၃,၀၀၀ ပြားတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲ သတင်းထုတ်ပြန်ပါတယ်။ 

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတဦးက “ဖမ်းဆီးခံရသူ မိသားစုဝင် ၃ ဦးကို စစ်ကောင်စီတပ်သားတွေက ဘယ်စစ်ဌာနချုပ်ကို ဖမ်းဆီး‌ခေါ်ဆောင်သွားတယ်လို့လည်း မသိရဘူး။ အခုထိ အဆက်အသွယ်လည်း မရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့သတင်းပါ စွပ်စွဲချက်မှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူတွေဘက်ကိုတော့ မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ 

မေ ၂၁ ရက်ကလည်း ကလေးမြို့ တောင်ဖီလာရပ်ကွက်နေ ကိုမြင့်သူဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF ကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်တွေက လက်ရှိ ကလေးမြို့ပေါ်မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ မကြာခဏပြုလုပ်နေပြီး ဒေသခံတွေလည်း စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်တာတွေ ခံနေရတာကြောင့် မြို့နေပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်ပေါ်နေပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်တွေက ကလေးနယ်တောင်ပိုင်းမှာ သာလွန်အင်အားသုံးကာ ကုန်းကြောင်းကသာမက လေကြောင်းကပါ ထိုးစစ်ဆင်နေပြီး ‌ကျေးရွာတွေက ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀၀‌ ဝန်းကျင်ရှိ‌ပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀‌ ‌ကျော်ရှိတယ်လို့ သပိတ်အဖွဲ့စာရင်းအရ  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013