DVB Logo
Home
မြန်မာသတင်း
တမူးမြို့နယ်တွင် တိုက်ပွဲပြင်းထန်
DVB
·
June 8, 2022
တမူးမြို့နယ်တွင် တိုက်ပွဲပြင်းထန်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ တမူးမြို့နယ်မှာ ဇွန် ၇ ရက် မနက် ၃ နာရီကနေ ညနေ ၆ နာရီအထိ PDF မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF အဖွဲ့က ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ တမူးဒေသနယ်မြေကို စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် TSG၊ BSO၊ FRT၊ ABSDF နဲ့ PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

တမူး PDF တပ်ဖွဲ့ တာဝန်ရှိသူက “မနက် ၃ နာရီလောက်ကစပြီး ညနေ ၆ နာရီလောက်ထိ ဖြစ်တာပါ။ ကျနော်တို့ PDF မဟာမိတ် ပူးပေါင်းတပ်တွေ စိုးမိုးထားတဲ့နယ်မြေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင်တာကို ကျနော်တို့ မဟာမိတ်တပ်များရဲ့ စည်းလုံးမှုနဲ့ အခုချိန်ထိ ထိန်းထားနိုင်တာ” လို့ ပြောပါတယ်။

စစ်‌ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ရာမှာ ကျည်ဆန်လိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ တမူးဒေသ ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်း-၂ တာဝန်ခံက ဆိုပါတယ်။

အလားတူ တမူးမြို့နယ် နန်မွန်းတားကျေးရွာ၊ ခွန်မွန်းနွန်ကျေးရွာနဲ့ ရန်လင်းဖိုင်ကျေးရွာကြားမှာ ဇွန် ၇ ရက် မနက်ပိုင်းက တမူးမြို့ကို ဦးတည်ချီတက်လာတဲ့ စစ်ကောင်စီတပ်ကို တမူး PDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ တမူး PDF အဖွဲ့က  ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်း ၁၀ စီး အင်အားအများအပြားနဲ့ ကလေးမြို့ကနေ တမူးမြို့ကို ဖြတ်သန်းလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကျဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိနိုင်ပေမဲ့ အတည်ပြုလို့ မရသေးကြောင်း၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ရဲဘော် ၂ ယောက် မစိုးရိမ်တဲ့ဒဏ်ရာရပြီး ကျဆုံးတာတော့ မရှိဘူးလို့ တမူး PDF ကပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သာလွန်အင်အားအသာစီးနဲ့ ဒေသတွင်းကာကွယ်ရေး တပ်ဖွဲ့တွေကို စစ်ကြောင်းထိုး ချေမှုန်းနေတဲ့အတွက် တမူး-အောင်ဇေယျ ကားလမ်းပိုင်းကို အသုံးပြု သွားလာနေကြတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ အထူးသတိပြု သွားလာကြဖို့လည်း တမူး PDF က အသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013