သြစတြေးလျနိုင်ငံအတွင်း နို့တိုက်သတ္တဝါတွေမှာ H5N1 ငှက်တုပ်ကွေး ပထမဆုံးဖြစ်ပွားမှုကို သြဂုတ် ၂၃ ရက်မှာ အတည်ပြုခဲ့ပါတယ်။
ဒီဗိုင်းရပ်စ်ကို တောင်သြစတြေးလျပြည်နယ်က နှာခေါင်းရှည်အမွေးရှိတဲ့ ပင်လယ်ဖျံမှာ တွေ့ခဲ့တာပါ။
ဇွန်လမှာ ပိုးက နိုင်ငံထဲကို ရောက်လာပြီးတဲ့နောက် သြစတြေးလျမှာ ရောဂါဖြစ်စေတဲ့ ငှက်တုပ်ကွေး ဖြစ်ပွားမှုတွေ မြင့်တက်လာလို့ ရုန်းကန်နေခဲ့ရပါတယ်။
ပြည်နယ်မြို့တော် အယ်ဒီလိတ်မြို့ရဲ့ တောင်ဘက် ၁၉၂ မိုင် အကွာက ကမ်းခြေမြို့ ဘိချ်ပို့တ်မှာ တွေ့ရတဲ့ ပင်လယ်ဖျံမှာ ငှက်တုပ်ကွေးကူးနေလို့ နိုင်ငံရဲ့ ပထမဆုံး ငှက်တုပ်ကွေး ကူးစက်ခံ နို့တိုက်သတ္တဝါကို တွေ့ရှိမှုအဖြစ် တောင်သြစတြေးလျအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။
ပြည်နယ်ရဲ့ ရေပြင်မှာ ခန့်မှန်းခြေအားဖြင့် အကောင်ရေ တသိန်းလောက်ရှိတဲ့အထဲက တကောင်ဖြစ်တဲ့ ပင်လယ်ဖျံဟာ ဒဏ်ရာလက္ခဏာမရှိဘဲ သေဆုံးနေတာကို တွေ့ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
သြစတြေးလျဟာ အခုလမှာ ပထမဆုံးအနေနဲ့ ဗိုင်းရပ်စ်ကြောင့် ပင်လယ်ငှက်တွေ အစုလိုက်အပြုံလိုက် သေဆုံးမှုကို သတင်းပို့ခဲ့ပြီးပါပြီ။
ဒါက ဌာနေမျိုးရင်းတွေဆီကို မကူးစက်မီ ရွှေ့ပြောင်းပင်လယ်ငှက်တွေမှာ ဗိုင်းရပ်စ်ကို ပထမဆုံးတွေ့ပြီးတဲ့နောက် ကူးစက်မှု မြင့်တက်လာခြင်းကို အမှတ်အသားပြုနေတယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။
Source: Reuters











