DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ် ဘိုတဲကျေးရွာက ကျောင်းဆရာမ ၂ ဦး အသတ်ခံရ
DVB
·
June 7, 2022
ဝက်လက်မြို့နယ် ဘိုတဲကျေးရွာက ကျောင်းဆရာမ ၂ ဦး အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မင်းသာကန်ကျေးရွာအုပ်စု၊ ဘိုတဲကျေးရွာမှာ ဇွန် ၆ ရက်  ညနေ ၆ ဝန်းကျင်က ကျောင်းဆရာမနှစ်ယောက်ကို အမည်မသိအဖွဲ့က လာရောက် ပစ်သတ်သွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ဘိုတဲ ကျေးရွာမူလတန်းလွန်ကျောင်းအုပ်ဆရာမ ဒေါ်မိုမိုခိုင်နဲ့ ဒေါ်ကေဇာခိုင် ဖြစ်တယ်လို့ သိရပါတယ်။

“သတ်ခံရတာက နေအိမ်အတွင်းမှာ အသတ်ခံရတာဗျ။ ဘာကြောင့် အသတ်ခံရတာကတော့ မသိဘူး။ ကျနော်တို့က အပြင်ပိုင်း အသတ်ခံရတာလောက်ပဲ သိရတာ” လို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။

ဆရာမနှစ်ဦးကို‌ နေအိမ်အတွင်း ပစ်သတ်သွားတာဟာ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ် ဆိုတာကိုတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းအတွင်း ဇွန်လဆန်းပိုင်းကစတင်ပြီး အခုလို ကျောင်းဆရာမတွေ အသတ်ခံရတာဟာ ၃ ဦးအထိ ရှိနေပြီလို့ ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့ကလည်း မုံရွာ-အရာတော်လမ်းမှာ အလယ်တန်း ကျောင်းအုပ်ဆရာမတယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013