DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့တွင် လူငယ် ၁ ဦးအား PDF ကို ထောက်ပံ့သည်ဟုစွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီး
DVB
·
June 7, 2022
ပခုက္ကူမြို့တွင် လူငယ် ၁ ဦးအား PDF ကို ထောက်ပံ့သည်ဟုစွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့က လူငယ်တယောက်အား PDF အဖွဲ့ကို ထောက်ပံ့တယ်စွပ်စွဲပြီး စစ်ကောင်စီတပ်က ဇွန် ၇ ရက်မနက်ပိုင်းမှာ ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အမှတ် ၁၃ ရပ်ကွက် ပြည်တော်သာလမ်းက ကိုချမ်းမြေ့ကို ကို ဇွန် ၇ ရက်မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားကြတာလို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။

“ကိုချမ်းမြေ့ကိုက ကုန်စုံဆိုင်ဖွင့်ထားတာဗျ။ ခုမနက်ပိုင်းမှာ စစ်(...)တွေနဲ့ အရပ်ဝတ် ဝတ်ထားတဲ့သူ ၁၀ ယောက်ကျော်လောက် ရောက်လာပြီး NUG ၊ CRPHနဲ့ PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲဖမ်းဆီးသွားကြတာ။ အိမ်အထိ လာဖမ်းတာဆိုတော့ ဒလန်တွေက မဟုတ်မှန်သတင်းပေးလို့ အခုလို အဖမ်းခံရတာ။”

ကိုချမ်းမြေ့ကိုအား ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြပြီး မိသားစုဝင်တွေနဲ့ တွေခွင့်မပေးသေးဘူးလို့ သိရပါတယ်။

ပခုက္ကူမြို့ရဲ့ အဓိက အချက်ချာကျတဲ့နေရာတွေမှာလည်း စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေက ပိတ်ဆို့ စစ်ဆေးနေပြီး နေ့စဥ် ဖမ်းဆီးနေတာကြောင့် ပြည်သူတွေအနေနဲ့ အပြင်သွားမယ်ဆိုရင် လက်ကိုင်ဖုန်းတွေကို အသေချာရှင်းလင်းရေး လုပ်ပြီးမှာ သွားလာကြဖို့နဲ့ ဖြစ်နိုင်ရင် ဖုန်းယူ မသွားတာတော့ အကောင်းဆုံးပဲလို့ ဒေသခံ တဦးက ဆိုပါတယ်။

ပခုက္ကူမြို့မှာ ဇွန် ၃ ရက်မနက်ပိုင်းကလည်း စျေးဝယ်ဖို့လာတဲ့ မြိုင်မြို့နယ်က လူငယ် ၂ ယောက်ကို စစ်အုပ်စုတွေက ဖမ်းဆီးပြီး ပခုက္ကူမြိုမရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွား ကြတယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင်အတွင်းမှာ အခုနှစ် ဖေဖော်ဝါရီလကနေ အခုထိ ဖမ်းဆီးခံထားရသူ ၂၀၀ ကျော် လောက် ရှိနေပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာ ၈၀ ကျော်​လောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013