DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကြောင့်ပိတ်ထားသည့် မဲဆောက်က ဆာသူးလေအထက်တန်းကျောင်း ပြန်ဖွင့်
DVB
·
June 7, 2022
ကိုဗစ်ကြောင့်ပိတ်ထားသည့် မဲဆောက်က ဆာသူးလေအထက်တန်းကျောင်း ပြန်ဖွင့်
1 / 5
Donate to DVB

ကိုဗစ်ကြောင့်  ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့ မြန်မာ-ထိုင်း နယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွေ့ပြောင်းကလေးငယ်တွေအတွက် ပညာသင်ပေးနေတဲ့ ဆာသူးလေ အထက်တန်းကျောင်းကို ထိုင်းအာဏာပိုင်တွေက ဇွန် ၇ ရက် ဒီနေ့မနက်က ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်ပါတယ်။

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းဖွင့်ပွဲနဲ့ အရင်စာသင်နှစ်တွေမှာ စာမေးပွဲအောင်မြင်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေအတွက်  အောင်လက်မှတ် ချီးမြှင့်ပွဲနဲ့အတူ မိဘဆရာအသင်းများတွေ့ဆုံပွဲကိုလည်း ဆာသူးလေကျောင်းမှာ ဒီနေ့မနက် ကျင်းပသွားရာမှာ ကျောင်းသားတွေက တေးသီချင်းနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရပဲဖြစ်ဖြစ်၊ အာဏာသိမ်းစစ်ကောင်စီပဲ ဖြစ်နေပါစေ ဆာသူးလေ အထက်တန်းပညာသင်ကျောင်းကတော့ အနာဂတ် မျိုးဆက်သစ်လူငယ်တွေကို ပညာ ဆက်လက်သင်ကြားပေးသွားမယ်လို့  ကျောင်းဒါရိုက်တာ နော်ဖောရေက  ပြောပါတယ်။

ကိုဗစ်ကူးစက်မှုကြောင့် ကျောင်းပိတ်ထားလို့ ကျောင်းကိုသွားရောက်  စာမသင်နိုင်ဘဲ အွန်လိုင်းကနေ ပညာသင်နေရတဲ့ ကျောင်းသားတွေ ဒီနေ့မှာတော့ ကိုယ်တိုင်ကျောင်းတက်ရတာ အပျော်ဆုံးနေ့လို့ ကျောင်းသားတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကိုတော့ လက်မခံနိုင်ဘဲ ၇ တန်းနဲ့ ထွက်ခဲ့ပြီး မဲဆောက်မြို့ ဆာသူးလေကျောင်းမှာ ဆက်တက်နေတဲ့ ကျောင်းသူတဦးကတော့  တချိန် မြန်မာပြည်ပြန်လည်ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

ဆာသူးလေကျောင်းဟာ ၁၉၉၉ ခုနှစ်မှာ မူလတန်းကျောင်းအဖြစ်နဲ့ တော်လှန်ရေးမိသားစုတွေ စတင်ခဲ့ပြီး ဒီကျောင်းကနေ ၁၀ တန်းအောင်လို့ မြန်မာပြည်သို့ ပြန်လည်တက္ကသိုလ် ပညာသင်နိုင်သူ အယောက် ၁၀၀ လောက်ရှိသလို ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာ တက်ရောက်ဘွဲ့ရသူတွေလည်း ရာနဲ့ချီရှိနေပြီဖြစ်ပါတယ်။

၂၀၂၂ -၂၀၂၃ အခုပညာသင်နှစ်မှာတော့ ကျောင်းသူ ကျောင်းသား ဦးရေ ၁,၀၀၀ လောက် ပညာသင် ဖို့ ကျောင်းအပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013