DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် ကမ္ဘာမကြေရွှေညီကိုများအသင်းက PDF အတွက် လက်နက်များကူညီထောက်ပံ့
DVB
·
June 7, 2022
ထိုင်းရောက် ကမ္ဘာမကြေရွှေညီကိုများအသင်းက PDF အတွက် လက်နက်များကူညီထောက်ပံ့
Donate to DVB

စစ်အာဏာရှင်ကို လက်နက်ဆွဲကိုင် တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအတွက် ထိုင်းရောက်မြန်မာအလုပ်သမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာမကြေ ရွှေညီကိုများအသင်းက M4 နဲ့ M416 အမျိုးအစား သေနတ်အလက်  ၄၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

​ကမ္ဘာမကြေရွှေညီကိုများအသင်းကို အဖွဲ့ဝင် ၃၀ နဲ့ ဖြင့်ဖွဲ့စည်းထားပြီး လက်နက်ထောက်ပံ့ပေးရေး အတွက် တနင်္ဂနွေနေ့ တွေတိုင်း လူစည်ကားတဲ့နေရာတွေမှာ အလှူငွေကောက်ခံပြီး ရန်ပုံငွေရှာတယ်လို့ အသင်းရဲ့  ဦးဆောင်သူဖြစ်တဲ့ ကိုဇင်မင်းက ပြောပါတယ်။ 

လက်ရှိအချိန်အထိ သေနတ်အလက် ၄၀ ကို ထောက်ပို့ထားနိုင်ပြီး ဗိုလ်စလုံး အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၈ ဖွဲ့ကို ထောက်ပံ့ထားနိုင်ပြီလို့ ဆိုပါတယ်။

ကိုဇော်မင်းက "ကျနော်တို့ မြေပြင်အထိဆင်းပြီးထောက်ပံ့ပေးတာပါ။ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က ဗိုလ်စလုံးကို M416 သေနတ် ၂ လက်သွားရောက်ထောက်ပံ့ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲနယ်က ဗိုလ်နဂါးစခန်းကိုလည်း သေနတ်သွားရောက်ပို့ဆောင်ပေးခဲ့တာ ၁၀ လက်အထိ ရှိပါပြ။ သေနတ်အမျိုးအစားတွေကတော့ M4 ၊ M416 နဲ့  .338 Sniper တစ်လက်ပါဝင်ပါတယ်။  M416 က တစ်လက်ကို ဘတ်တသိန်းတသောင်းနဲ့ .338 Sniper ကတော့ မြန်မာငွေနဲ့ ကျပ် သိန်း ၃၆၀ တန်ဖိုးရှိတယ်လို့ " ပြောပါတယ်။

ရှေ့ဆက်ပြီးတော့ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို အတတ်နိုင်ဆုံး လက်နက်ထောက်ပံ့ပေးသွားမှာဖြစ်ပြီး လက်နက်ထောက်ပံ့မှုမရရှိသေးတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း စိတ်ဓာတ်မကျဖို့နဲ့ အမြန်ဆုံးထောက်ပံ့ပေးနိုင်အောင်ကြိုးစားသွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013