DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့လမ်းပေါ်တွင် ယာဥ်ထိန်းရဲမရှိသဖြင့် ယာဥ်တိုက်မှုများ မကြာခဏဖြစ်နေ
DVB
·
June 6, 2022
မောင်တောမြို့လမ်းပေါ်တွင် ယာဥ်ထိန်းရဲမရှိသဖြင့် ယာဥ်တိုက်မှုများ မကြာခဏဖြစ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့လမ်းတွေပေါ်မှာ   ယာဥ်ထိန်းရဲ တစ်ယောက်မှ တာဝန်ထမ်းဆောင်တာမရှိသလို  ယာဥ်တွေ စည်းကမ်းမဲ့သွားလာနေကြလို့ ယာဥ်တိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့  မောင်တောဒေသခံတွေထံက သိရပါတယ်။

ဇွန် ၆ ရက် ဒီမနက် ၈ နာရီလောက်က မောင်တောမြို့ဝင်အနီး သုံးဘီးဆိုင်ကယ်တစီးကို ထရော်လာဂျီက ဝင်တိုက်လို့ ခရီသည်တယောက် ပြင်းထန်စွာဒဏ်ရာရှိခဲ့ကာ ထရော်လာဂျီမောင်းသူ ဒရိုင်ဘာထွက်ပြေးသွားခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"ဒီနေ့ မနက်ပိုင်းမှာ သုံးဘီးတစ်စီးကို ထရော်လာဂျီက ဝင်တိုက်လို့ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်ထန်စွာရရှိသွားတယ်။ သုံးဘီးကတော့ ပြိုပျက်သွားတယ်။  ထရော်လာဂျီမောင်းတဲ့ ရိုင်ဘာတော့ ထွက်ပြေးသွားတယ်။"

မောင်တောဒေသခံတစ်ဦးက "မောင်တောမှာယာဥ်တွေက စည်းကမ်းမဲ့သွားလာနေကြတာ များတယ်။ မောင်းချင်သလို မောင်းနေကြတာ။ ဖုန်းပြောပြီး မောင်းနေတာလည်းအများကြီးပါ။ ဖမ်းဆီးအရေးယူမရှိဘူး။ ယာဥ်ထိန်းရဲတွေလမ်းမှာ ထိန်းပေးတာတစ်ခါမှမတွေ့ရဘူး။"လို့ ပြောပါတယ်။

မောင်တောမြို့မရဲစခန်းမှ အရာရှိတစ်ဦးက “ယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး အမှုဖွင့်တာတွေကတော့ မရှိသေးဘူး။ သူတို့အချင်းချင်းညှိနှိုင်းနေကြဆဲဖြစ်တယ်။ ယာဥ်ထိန်းရဲတွေကတော့ စစ်တွေခရိုင်မှာ လူအင်အားလိုတဲ့အတွက် တွဲဖက်ပါသွားတယ်။ ပြန်ပို့မယ်လို့တော့သိရတယ်။"လို့ ပြောပါတယ်။

မောင်တောမြို့မှာ ယာဥ်ထိန်းရဲ့စုစုပေါင်း ၆ ဦးသာရှိပြီး သုံးဘီးယာဥ်အရေအတွက် ၁၀၀၀ ကျော်၊ ကားကြီးကားငယ်၊ ထရော်လာဂျီ ၅၀၀ လောက်နဲ့  ဆိုက်ကယ် ၂၀၀၀  လောက်ရှိတယ်လို့  စည်းကမ်းကြီးကြပ်ရေး တာဝန်ရှိတွေထံက သိရပါတယ်။

၂၀၂၁ ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းကလည်း မောင်တောမြို့နယ်၊ ရွှေဗဟိုလ်ကျေးရွာတံတား အနီး အငူမော်ဘက်ကနေ မောင်တောဘက်သို့ မောင်းနှင်လာတဲ့ ကားတစီး အရှိန်မထိန်း နိုင်ဘဲ မူလတန်းကျောင်းသူ  ၁ ဦး၊ ကျောင်းသား ၁ ဦးကို ဝင်တိုက်ခဲ့လို့ သေဆုံးသွားခဲ့ရပြီး တရားခံ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013