
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ရဲဘော်ကွက်သစ်မှာ ရာအိမ်မှူး အမျိုးသား တယောက် ဇွန်လ ၆ ရက် မနက် ၆ နာရီကျော်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ပစ်သတ်ခံရသူဟာ ရဲဘော်ကွက်သစ် ရာအိမ်မှူး ဦးသိန်းစိုးဖြစ်ပြီး ၇၈ လမ်းနဲ့ မင်္ဂလာလမ်း အနီးမှာ ပစ်သတ်ခံရတာ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဦးသိန်းစိုးဟာ အကြော်ကြော်နေစဉ်မှာ အမည်မသိအမျိုးသားနဲ့ အမျိုးသမီးနှစ်ယောက်က ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်သွားတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ဦးသိန်းစိုးမှာ ရင်အုံ၊ ဝမ်းဗိုက်၊ နံကြားတို့မှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေရရှိပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။