Home
မြန်မာသတင်း
ယင်းမာပင်မြို့၌ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ဒေသခံ ၁ ဦး သေဆုံး
DVB
·
June 6, 2022
536981-284602197_3013439538878602_7766352883596334735_n-730x365

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မှာ ဇွန် ၅ ရက် ည ၇ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသားတယောက်ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးခဲ့တဲ့သူဟာ အသက် ၂၅ နှစ်အရွယ် ကိုချစ်ကိုကိုဖြစ်ပြီး ယင်းမာပင်မြို့ (က)ရပ်ကွက်မှာနေထိုင်သူဖြစ်ကာ နေအိမ်အတွင်းထမင်းစားနေစဥ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ထိမှန်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အဖွဲ့ဟာ ယင်းမာပင်မြို့အတွင်းမှာ တပ်စွဲ နေထိုင်တဲ့ စစ်ကောင်စီတပ်ဖြစ်ပြီး တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်ခတ်ရာကနေ အခုလို လူသေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

အခုလို ပြည်သူသေဆုံးတာနဲ့ပတ်သက်ပြီး PDF အဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်နေတာတွေရှိကြောင်း၊ အခင်းဖြစ်တဲ့ရက်က နေ့ခင်းပိုင်းနဲ့ ညပိုင်းပါ PDF အဖွဲ့တွေ လာရောက်တိုက်ခိုက်တဲ့ဖြစ်စဥ်မရှိခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဘေးပတ်ဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ဖူးတယ်လို့ ဒေသခံကပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာ လက်ရှိအချိန်ထိ အော်ရီဒူးဖုန်းလိုင်းတွေလုံးဝ ဖြတ်တောက်ခံထားရဆဲဖြစ်ပြီး တခြားအော်ပရေတာ ဖုန်းလိုင်းတွေလည်း ဆက်သွယ်ရေး ကောင်းမွန်မှု မရှိသေးဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024