DVB Logo
Home
မြန်မာသတင်း
လပွတ္တာ အထက်တန်းကျောင်းများတွင် ဆရာမလုံလောက်သဖြင့် ပြင်ပဆရာငှားရန် ငွေကောက်ခံ
DVB
·
June 6, 2022
လပွတ္တာ အထက်တန်းကျောင်းများတွင် ဆရာမလုံလောက်သဖြင့် ပြင်ပဆရာငှားရန် ငွေကောက်ခံ
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က အထက်တန်းကျောင်းတွေမှာ ဆရာ၊ ဆရာမ အင်အား မလုံလောက်တာကြောင့် ပြင်ပကနေ ဆရာ၊ ဆရာမ ငှားဖို့အတွက် ကျောင်းသား ကျောင်းသူတွေထံက လစဉ် ကျပ် ၃၀၀၀ ကျပ်ကောက်ခံနေတယ်လို့ ကျောင်းသားမိဘတွေထံက သိရပါတယ်။ 

မြို့ပေါ်စာသင်ကျောင်းတွေမှာ ဆရာ ဆရာမအင်အား လုံလောက်ပေမယ့် ကျေးရွာတွေက အထက်တန်းကျောင်းတွေမှာ အထက်တန်းသင်ဖို့ ဆရာ၊ ဆရာမ လုံလောက်မှုမရှိတာကြောင့် ခုလိုမျိုး ဆရာ ဆရာမ ငှားဖို့ အတွက် မြို့နယ်မှူးအစီအစဉ်နဲ့ ငွေကြေးကောက်ခံတာလို့ ကျောင်းကော်မတီဝင်တဦးက ပြောပါတယ်။ 

“ အမှန်ပြောရရင် ဖိအားပေးပြီးသာ မဖြစ်မနေကျောင်းဖွင့်ဖို့ မဖြစ်မနေကျောင်းတက်ဖို့လုပ်နေတာ မြို့ပေါ် လောက်မှာသာ ဆရာ ဆရာမ အင်အားကများတာ ကျနော်တို့ ရွာဘက်မှာ မရှိတော့ဘူး အထက်တန်းပြဖို့ အဲ့တော့ အစည်းဝေးလုပ်ပြီး တင်ပြတော့ မြို့နယ်မှူးက အပြင်ကနေ ခဏခေါ်ပြီး ထိန်းထားပေးဖို့ပြောတာ ပိုက်ဆံကျထုတ်မပေးဘူး”လို့ ပြောပါတယ်။ 

လပွတ္တာမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက အထက်တန်းကျောင်းတွေမှာ အနည်းဆုံး အထက်တန်း ကျောင်းသား ၃၀၀ လောက်ရှိပြီး စာသင်ဖို့အတွက် ကျောင်းတကျောင်းကို အနည်းဆုံး အထက်တန်းပြ ဆရာ ဆရာမ ၃ ဦးလောက် ငှားဖို့လိုအပ်မှာ ဖြစ်ပါတယ်။ 

အထက်တန်းပြဆရာ ဆရာမလိုအပ်ချက်တွေကြောင့် ကျောင်းသားတွေကို ဇွန်လက စတင်ကာ တဦးကို ကျပ်  ၃၀၀၀ နှုန်းနဲ့ ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီးကတော့ အခုစာသင်နှစ်မှာ ကျောင်းအပ်တဲ့ ကျောင်းသူ ကျောင်းသား အရေအတွက် ၅၂ သိန်းကျော်ရှိသလို စာသင်မယ့် ဆရာ ဆရာမလည်း လုံလောက်မှုရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013