DVB Logo
Home
မြန်မာသတင်း
မြို့သစ်မြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး အသတ်ခံရ
DVB
·
June 5, 2022
မြို့သစ်မြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး အသတ်ခံရ
Donate to DVB

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ဇွန် ၄ ရက် မနက်က စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့  ဗိဿနိုး-PDF ကနေ သိရပါတယ်။

ရွာဆိုးကျေးရွာမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ခင်မောင်စိုးကို မနေ့မနက် ၁၁နာရီ ခွဲလောက်မှာ ဗိဿနိုး-PDF က သေနတ်နဲ့ ၄ ချက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာလို့ ဗိဿနိုး-PDFရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။

သေဆုံးသွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ လက်ကိုင်တုတ် အဖြစ်တာဝန်ထမ်းဆောင်နေသလို စစ်ကောင်စီတပ်တွေအတွက် ပြည်သူတွေဆီကနေ ဆက်ကြေးကောက်နေတဲ့ အပြင် ဗိဿနိုး-PDF စခန်းတွေကို လိုက်လံပြသတာကြောင့် သုတ်သင်လိုက်တာလို့လည်း ပြောပါတယ်။

ဗိဿနိုး-PDFရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က  “အဲဒီအုပ်ချုပ်ရေးမှူးကြောင့် ကျနော်တို့ အဖွဲ့ထဲမှာ ခေါင်းဆောင်ပိုင်းတချို့ဖမ်းခံရပြီး တချို့ကအဝေးမှာ ရှောင်တိမ်းနေရတယ်။ ထုတ်လုပ်ရေးစခန်းခွဲတွေသိမ်းခံရတာတွေရှိတယ်။ လက်နက်တွေအသိမ်းခံရတာတွေရှိ​တော့ ပြန်လည်စုစည်း လက်နက်ပြန်ရှာရပေါ့။ အလှူရှင်ကလည်း ဗိဿနိုးက ဘာမှ မလုပ်တော့ဘူးဆိုပြီး မလှူတော့တာတွေရှိတော့ ကျနော်တို့မှာ အခက်အခဲတွေအများကြီးဖြစ်ရတယ်။ အခုတော့ ရတာလေးနဲ့ ရှိတာနဲ့ဆက်လက်လုပ်ဆောင်နေပါတယ်”လို့  ပြောပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးအသတ်ခံရတဲ့ အကြောင်းရင်းနဲ့ ပျူစောထီးအဖွဲ့ဝင် ဟုတ်မဟုတ်ဆိုတာ ပတ်သက်လို့တော့  သူ့ရဲ့ မိသားစုတွေထံ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။  

သူနဲ့နီးစပ်တဲ့ ဒေသခံ ရွာဆိုးရွာသားတစ်ယောက်က “မနေ့က မနက် ၁၁ နာရီကျော်လောက်မှာ သေနတ်သံ ၄ ချက်ကြားရပြီး အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး သေဆုံးခဲ့တာပါ။ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေရောက်လာပြီး အလောင်းကို မြို့သစ်ဆေးရုံကို ပို့လိုက်ကြတယ်။ သူကစစ်(...)တွေနဲ ပေါင်းပြီး ရွာသားတွေကို နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးခဲ့တာဗျ။ အခုလည်း စစ်(....)တွေက ရွာထဲက မသင်္ကာတဲ့သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်”လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013