DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ တမ္ပဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး
DVB
·
June 5, 2022
မန္တလေးမြို့ တမ္ပဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး
Donate to DVB

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ  ဇွန်လ ၄ ရက် နေ့လယ် ၃ နာရီကျော်က သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တမ္ပဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး ဟာ နေအိမ်ရှေ့မှာ လမ်းလျှောက်နေစဥ် သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး နေရာတင်သေဆုံးခဲ့တာဖြစ်တယ်လို့ သူနဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ဦးအောင်မိုးရဲ့ ဇနီးဖြစ်သူလည်း  ခြေထောက် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ သူ့ကို ဘယ်အဖွဲ့က ဘာကြောင့် ပစ်ခတ်ခဲ့တာလဲဆိုတာကိုတော့ မသိရသေးပါဘူး။ 

တမ္ပဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဟာ  ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းကလည်း ဓါးထိုးခံခဲ့ရပါသေးတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013