DVB Logo
Home
မြန်မာသတင်း
တနှစ်ကျော်အတွင်း စစ်တပ်က ပြည်သူလူထု နေအိမ်နှင့် အဆောက်အအုံအလုံးပေါင်း ၂၂,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီး
DVB
·
June 3, 2022
တနှစ်ကျော်အတွင်း စစ်တပ်က ပြည်သူလူထု နေအိမ်နှင့် အဆောက်အအုံအလုံးပေါင်း ၂၂,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီး
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း နေအိမ်၊ အဆောက်အအုံ ၂၂၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ သုတေသန လုပ်နေတဲ့ ISP Myanmar အဖွဲ့က ဇွန် ၂ ရက်က  ထုတ်ပြန်ပါတယ်။

မနှစ် ဖေဖေါ်ဝါရီ ၁ ရက်ကနေ ဒီနှစ်မေလ ၂၆ ရက်နေ့အထိ  လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ဖျက်ဆီးခံရတာ၊ လက်နက်ကျည်တွေ ထိမှန်လို့ပျက်စီးဆုံးရှံးခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံ၊ ဘာသာရေးအဆောက်အအုံတွေအပါအဝင် ၂၂,၂၉၉ လုံးထက်မနည်းရှိတယ်လို့ ဆိုထားပါတယ်။

Graphic Credit-ISP Myanmar

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး  နေအိမ်၊ အဆောက်အအုံပေါင်း  ၁၅,၅၃၀ ၊ ရာခိုင်နှုန်းအနေနဲ့ ၆၉ ဒသမ ၇ ရှိပြီး မကွေးတိုင်း နေအိမ်  ၄,၈၂၂ လုံးနဲ့ ဒုတိယလိုက်ကာ ၂၁ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။ 

မီးရှို့ခံရတဲ့ တစ်နှစ်ကျော်အတွင်း လအလိုက်ထဲမှာ ဒီနှစ် မေလအတွင်း အများဆုံးဖြစ်ပြီး  နေအိမ်၊ အဆောက်အအုံ ၇,၆၆၂ လုံးထက်မနည်း ရှိခဲ့ပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက စစ်ကိုင်းတိုင်းက ၅,၃၃၇ လုံးနဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းက ၂,၁၄၃ လုံးနဲ့ ဒုတိယလိုက်ပါတယ်။ မြေပြင်မှာ မီးရှို့ခံရတာ နေအိမ် အရေအတွက်ဟာ ဒီထက်များနိုင်တယ်လို့လည်း ခန့်မှန်းတာတွေ ရှိနေပါတယ်။

မီးရှို့ခံရတဲ့ ရွာတွေ အများစုဟာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အခြေပြု လှုပ်ရှားတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက်က ရွာတွေက အရပ်သားတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာနဲ့ နေအိမ် မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013