DVB Logo
Home
မြန်မာသတင်း
ဖရူဆိုတိုက်ပွဲတွင် ဒရုန်းပစ်လက်နက် အပါအဝင် လက်နက်ခဲယမ်းအချို့ ကရင်နီပူးပေါင်းတပ် သိမ်းဆည်းမိ
DVB
·
June 3, 2022
ဖရူဆိုတိုက်ပွဲတွင် ဒရုန်းပစ်လက်နက် အပါအဝင် လက်နက်ခဲယမ်းအချို့ ကရင်နီပူးပေါင်းတပ် သိမ်းဆည်းမိ
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်၊ ထားလဲနဲ့ နန်းဖဲကျေးရွာအကြား ဇွန် ၂ ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီကားတပ်ရဲ့ ကား ၂ စီးကို ဖျက်ဆီးခဲ့ပြီး ဒရုန်းပစ်ချတဲ့လက်နက် အပါအဝင် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ ကရင်နီပူးပေါင်းတပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။

ဖရူဆိုနဲ့ ဖားဆောင်းမြို့နယ်ကို ရိက္ခာသွားပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့သလို အခုလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။

မေလအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီတပ်က ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တို့မှာ ထိုးစစ်အရှိန်မြှင့်သလို စစ်ကောင်စီတပ်ဟာ ရှမ်း-ကယားနယ်စပ် မိုးဗြဲနဲ့ လွိုင်ကော်နယ်စပ်တို့အပြင် ဖယ်ခုံအရှေ့ဘက်ကမ်းတို့မှာ နယ်မြေစိုးမိုးရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က မေ ၁၅ ရက်ကစပြီး ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းကျေးရွာတွေဖြစ်တဲ့ ဆောင်နန်းခဲ၊ နန်းပုံလုံ၊ လွယ်ပေါကျေးရွာဘက်မှ စစ်ကြောင်းတကြောင်းနဲ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းဘက်မှ ဆီးမီးလော့ကျေးရွာဘက် စစ်ကြောင်းတကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

မေ ၁၆ ရက်မှာတော့ ဆောင်နန်းခဲကျေးရွာအတွင်း ရွာလုံးကျွတ် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး လွယ်ပေါနဲ့ နန့်ပုံလုံကျေးရွာမှာလည်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဖယ်ခုံ-ပင်လောင်းနယ်စပ်ဖြစ်တဲ့ ပင်ပုံ၊ လွယ်ဟွယ်၊ တောင်မဲသင်းကျေးရွာနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းပြီး အင်အားဖြည့်တင်းနေပါတယ်။

ပင်လောင်းမြို့နယ် သသာန်ကူး၊ လွန်းကဲနဲ့ ကထန်းရွာသစ်ကျေးရွာတွေမှာ  စစ်ကောင်စီတပ်နဲ့ PNO တပ်တွေ လှုပ်ရှားနေပြီး ကျေးရွာတွေအတွင်း နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးတာ၊ ကက်သလစ်မယ်တော်ဂူကို ဖျက်ဆီးခဲ့ကြောင်းလည်း KNDF က သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013