DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ခေါင်းဆောင်နှင့် အပေါင်းပါများကို စစ်ရာဇဝတ်မှုဖြင့်တရားစွဲရန် တူရကီက စုံစမ်းစစ်ဆေးမှု စတင်
DVB
·
June 2, 2022
မြန်မာစစ်ခေါင်းဆောင်နှင့် အပေါင်းပါများကို စစ်ရာဇဝတ်မှုဖြင့်တရားစွဲရန် တူရကီက စုံစမ်းစစ်ဆေးမှု စတင်
Donate to DVB

မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်အုပ်စုအဖွဲ့ဝင်တွေကို စစ်ရာဇဝတ်မှုနဲ့စွဲချက်တင်နိုင်ဖို့ တူရကီအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက် (MAP) အဖွဲ့က ဇွန် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီအမှုကို တူရကီနိုင်ငံ အစိုးရရှေ့နေရုံးမှာ စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်နိုင်ဖို့ မြန်မာနိုင်ငံ တာဝန်ခံမှုစီမံချက် Myanmar Accountability Project, MAP အဖွဲ့က ကြိုးပမ်းခဲ့တာ ဖြစ်ပြီး စစ်အုပ်စုက ညှဉ်းပန်းနှိပ်စက်သူတွေရဲ့ နာမည်တွေကို သူတို့အဖွဲ့က တရားရုံးကို ပို့ပေးမှာ ဖြစ်ကာ နိုင်ငံတကာ ရဲတပ်ဖွဲ့က သူတို့ကိုဖမ်းဖို့လည်း ကနဦးတောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။

MAP အဖွဲ့က ဒါရိုက်တာ ခရစ္စဂန်းနက်စ်က “ဒီလို မကြုံစဖူး စုံစမ်းစစ်ဆေးမှု စတင်လိုက်တာဟာ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကနေ အနိမ့်ဆုံးအဆင့်အထိ တကမ္ဘာလုံးက စောင့်ကြည့်နေပြီး သူတို့ကို စွဲချက်တင်နိုင်ဖို့ အားကောင်းတဲ့ သတင်းစကား ပေးပို့လိုက်တာပါပဲ။ တာဝန်ရှိသူတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ တူရကီ အာဏာ ပိုင်တွေကို တောင်းဆိုထားပါတယ်။ ခုလိုထောက်ပံ့ကူညီခဲ့တဲ့ တူရကီအစိုးရကို ကျေးဇူးတင်ပါတယ်။”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ နောက်ဆုံးအစီရင်ခံစာအရ တရားမဝင် အာဏာသိမ်းစစ်အုပ်စုရဲ့ ဖမ်းဆီးခံ၊  နှိပ်စက်သတ်ဖြတ်ခဲ့ခဲ့ရတဲ့ မြန်မာပြည်သူ ဦးရေဟာ ၁၅,၀၀၀ ထက်မနည်းရှိခဲ့ပြီး မြေပြင်အခြေအနေမှာတော့ ခုထက်ပိုပြီးတော့ များပြားနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ကတော့ စစ်ကောင်စီဟာ ဒါဇင်နဲ့ချီတဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၄,၀၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ကုလသမဂ္ဂကလည်း စစ်ကောင်စီဟာ လူပေါင်းရာထောင်ချီ နှိပ်စက်ခံခဲ့ရတယ်လို့ ယုံကြည်ထားပါတယ်။

“မြန်မာနိုင်ငံတဝန်း ပျံ့နှံ့နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ကျနော်တို့ မြင်နေရပါတယ်။ စစ်အာဏာရှင်အုပ်စုတွေဟာ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်တာတွေ၊ မီးရှို့တိုက်ခိုက်တာတွေ၊ နေအိမ်တွေရာနဲ့ချီ တမင်တကာ မီးရှို့ဖျက်ဆီးခဲ့တာတွေကိုလည်း တွေ့ရပါ တယ်။ အကြမ်းဖက်မှု ကင်းစင်တဲ့ အုပ်ချုပ်မှုအတွက် သူတို့ဟာ တာဝန်ခံမှု ရှိရပါမယ်။”လို့ ဂန်းနက်စ်က ပြောပါတယ်။

ဒီအမှုကို ဦးဆောင်တာဝန်ယူနေတဲ့ ဂူလ်ဒန် ဆွန်းမက်ဇ်ကတော့ “ရာဇဝတ်ကျင့်ထုံးဥပဒေပါ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ဒါဟာ တူရကီအတွက် အရေးကြီးတဲ့ အမှုသစ်တခုပါပဲ။ တရုတ်နိုင်ငံက ဝီဂါတွေအပေါ် ကျူးလွန်တဲ့ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေနဲ့ အစ္စရေးက ပါလက် စတိုင်းတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် ဒီအမှုကို ယူဆောင်လာခဲ့တာပါ။ အဲဒီနောက်ပိုင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအပြီး မြန်မာပြည်သူတွေရဲ့ အတိဒုက္ခအတွက် တူရကီနိုင်ငံ အလွန်ကိုယ်ချင်းစာပါတယ်။”လို့ ဆိုပါတယ်။

MAP အဖွဲ့အနေနဲ့ မြန်မာစစ်အုပ်စုအပေါ် စစ်ရာဇဝတ်မှုနဲ့ စွဲချက်အတွက် သက်သေအသစ်တွေ ရလာတာနဲ့ တပြိုင်နက်တည်းမှာ ထပ်မံပြီးတော့ တင်သွင်းသွားမှာဖြစ်ကာ အခုနှစ်အကုန်မှာ ပြင်သစ်နဲ့ အရှေ့အာရှ ဒေသတွေမှာလည်း အမှုတင်သွားဖို့ အစီအစဉ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013