DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ် လူငယ်တော်လှန်ရေးတပ်ဦး YRF နှင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF တို့ ပူးပေါင်း
DVB
·
June 2, 2022
ပေါက်မြို့နယ် လူငယ်တော်လှန်ရေးတပ်ဦး YRF နှင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF တို့ ပူးပေါင်း
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ အခြေစိုက်တဲ့ YRF တပ်ဖွဲ့ဟာ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) နဲ့ ဇွန် ၂ ရက်မှာ ပူးပေါင်းလိုက်ပါတယ်။

YDF ရဲ့ တပ်ရင်း ၁၆ အဖြစ်နဲ့ ပြည်သူလူထုကို ကာကွယ်ပေးပြီး စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ YRF ခေါင်းဆောင် ဗိုလ်နားပေါက်(နပေါက်) က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီလို ပူးပေါင်းဖို့ အပြန်အလှန် ဆွေးနွေခဲ့ကြပြီး သဘောတူညီမှုရယူကာ YDF ရဲ့ ဦးဆောင်မှုအောက်ကနေ လက်အောက်ခံတပ်ရင်းတခုအနေနဲ့ ပူးပေါင်းလိုက်တာဗျ။ အမည်ကတော့ YDF-ပေါက်လို့ပဲ ပြောင်းလိုက်ပြီးတော့ YDF က ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာပြီး ပြည်သူလူထုကို အကာအကွယ်ပေးသွားမယ်။ YRF တပ်ဖွဲ့နဲ့ ညီနောင်မဟာမိတ်တွေ ပူးပေါင်းပြီး မေ ၄ ရက်နေ့က ချက်ကန်ရွာနားမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်(...)ဘက်က အယောက် ၃၀ လောက် သေပြီး ကျနော်တို့ဘက်က ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ခေတ္တရပ်နားခဲ့ပြီး လက်နက်အင်အား ဖြည့်တင်းကာ ဆက်လက်တိုက်ပွဲဝင်တော့မယ်။”

ပေါက်မြို့နယ်တောင်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့လောက်ရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တရားဝင်အသိအမှတ်ပြုရေးနဲ့ လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးဖို့ လိုလားနေကြတယ်လို့ သိရပါတယ်။

တပ်ရင်းတရင်းဆိုရင် အနည်းဆုံး တပ်ဖွဲ့ဝင်အင်အား ၂၂၀ ကျော်ရှိဖို့ လိုအပ်ပြီး အဖွဲ့တဖွဲ့တည်းနဲ့ မပြည့်ဘူးဆိုရင်တောင် ၂ ဖွဲ့ ပူးပေါင်းပြီး ပေါင်းစည်းတာမျိုး ဆိုလို့ရှိရင် NUG အနေနဲ့ အသိအမှတ်ပြုဖို့ ဖြစ်သွားလိမ့်မယ်လို့ မြင်ကြောင်း ပေါက် PDF တပ်ရင်း ၄ ရဲ့ တာဝန်ခံက ပြောပါတယ်။

ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်ပြီး တရွာဝင်တရွာထွက် မီးရှို့ ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁,၁၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အနောက်မြောက်စစ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိ ဘာသာရေးအဆောက်အဦတွေ၊ အရပ်သားပိုင်ပစ္စည်းတွေ အပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013